မာရှယ်အတွက်အိပ်မက်ဆိုးတွေဖြစ်လာနိုင်တဲ့ဆိုးရှားရဲ့သတင်းစာရှင်းလင်းပွဲ

မန်ယူအသင်းရဲ့နည်းပြဆိုးရှားဟာယနေ့ညဝုဗ်အသင်းနဲ့အိမ်ကွင်းမှာ မယှဉ်ပြိုင်မီပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့တိုက်စစ်ပိုင်းနဲ့ဆိုင်တဲ့ပြောကြားချက်တွေမှာလက်ရှိပမထအသင်းတိုက်စစ်မှူးဖြစ်နေတဲ့ပြင်သစ်တိုက်စစ်မှူးမာရှယ်အရန်ခုံကို ပြောင်းရွှေ့ရတော့မယ့်အလားလာတွေမြင်တွေနေရပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ဆိုးရှားက အသင်းမှ ဥရုကွေးတိုက်စစ်မှူးကာဗာနီကို အထူးတလယ်ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီးအသင်းပွဲထွက်လူစာရင်းမှာသေချာပေါက်ပါဝင်ခွင့်ရရမယ့်ကစားသမားလို့ပြောကြားခဲ့ပြီးအိမ်ကွင်းအိုးထရက်ဖိုစ်မှာ ပွဲထွက်ကစားဖို့ထိုက်တန်သူဟုဖွင့်ဟပြောသွားခဲ့ပါတယ်။

အဆိုပါပြောစကားတွေကြောင့် အဝေဖန်ခံနေရတဲ့ပြင်သစ်တိုက်စစ်မှူးမာရှယ်ရဲ့အနေထားဟာမေးခွန်းထုတ်စရာဖြစ်လာနေပြီး။အပိုင်အခွင့်အရေးတွေမကြာခဏလွဲချော်ခဲ့တဲ့ပြင်သစ်တိုက်စစ်မှူးဟာ အရန်ခုံကိုမျက်စောင်းထိုးနေရပါပြီ။

အသက်၂၅နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ၂၀၁၅ခုနှစ်ထဲက မန်ယူအသင်းကိုရောက်ရှိနေခဲ့တာဖြစ်ပြီးသူ့ရဲ့အပြုံးအရယ်နည်းတဲ့မျက်နှာကြောင့်ပရိတ်သတ်တွေကမကြာခဏအပြစ်မြင်ခံရလေ့ရှိသူပါ။မာရှယ်ဟာမန်ယူအသင်းနဲ့ငါးရာသီကြာဖြတ်သန်းအပြီးမှာ၂၃၈ပွဲအထိကစားခွင့်ရထားပြီး ၇၅ဂိုးသွင်းယူကာ၄၇ဂိုးဖန်တီးပေးထားသူပါ။

ဒီနှစ်ဘောလုံးရာသီမှာတော့ မာရှယ်ဟာပရီးမီးယားလိဂ်ပြိုင်ပွဲမှာခြေစွမ်းဆိုးရွားနေပြီးပရီးမီးယားလိဂ်ဆယ်ပွဲပွဲထွက်ကစားခွင့်ရရှိထားရမှာတော့ ရဂိုးတစ်ဂိုးသာရရှိထားပြီးဂိုးဖန်တီးမှု၃ကြိမ်ပြုလုပ်ထားပါတယ်။

မာရှယ်ရဲ့ပွဲထွက်နေရာကိုခြိမ်းခြောက်လာတဲ့ဝါရင့်တိုက်စစ်မှူးကြီးဖြစ်တဲ့ကာဗာနီကတော့ဝင်ရောက်ကစားခွင့်ရချိန်တိုင်းမှာ အသင်းကို ကယ်တင်နေရတဲ့ပုံစံဖြစလာနေပြီး အသင်းအတွက်အထူးအရေးပါတဲ့ချေပဂိုးအနိုင်ဂိုးတွေကို ပွဲစဉ်ဆက်တိုက်သွင်းယူထားနိုင်တာကြောင့်မန်ယူပရိတ်သတ်တွေရဲ့အထူးအားပေးမှုကိုရရှိလာသူဖြစ်ပါတယ်။

လတ်တလောအနေထားအရ မာရှယ်ဟာ ပွဲထွက်ကစားခွင့်လျှော့နည်းလာနိုင်နေပြီးသူ့ရဲ့ကစားခွင့်နေရာအချိုကို ကာဗာနီနဲ့ လူငယ်တိုက်စစ်မှူးမေဆင်ဂရင်းဝုဒ်တို့ကိုခွဲဝေပေးရမယ့်အခြေနေမျိုးကိုရောက်ရှိနေပါပြီ။

Leave a Comment

Your email address will not be published.