သရဲနီတွေရဲ့အဝတ်လဲခန်းထဲက အမြင့်ပျံအိပ်မက်များအကြောင်း လုရှော ဖွင့်ဟ

ယူနိုက်တက်တို့ရဲ့ ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ လုရှောလ်(Luke Shaw)ကတော့ အဝတ်လဲခန်းထဲက သရဲနီတွေရဲ့ အမြင့်ပျံအိမ်မက်များအကြောင်းကို ဖွင့်ဟ ပြောဆိုလာပါတယ်။

ပြီးတော့ ယူနိုက်တက်မှာ ရောက်တာကြာနေပြီဖြစ်တဲ့ သူဟာ သူ့ရဲ့ အသင်းဖော်လူငယ် ကစားသမားတွေကို ဘယ်လိုအကြံတွေပေးနေလဲဆိုတာနဲ့ ယူနိုက်တက်တို့ရဲ့ ဖလားလက်မဲ့ ရာသီတွေအကြောင်းနဲ့အတူ ခန်းဆောင်နီအိမ်မက်တွေအကြောင်းကိုလည်း ခုလည်းဖွင့်ဟသွားပါတယ်။

United တို့ရဲ့ ခံစစ်မှူး Shawကတော့ ယခုနီးကပ်စွာ ကစားနေရတဲ့ ပွဲစဉ်တွေရဲ့ ဖိအားကို မိမိတို့အသင်းအနေနဲ့ ရင်ဆိုင်ကျော်ဖြတ်နေရကြောင်း ၊ အဝတ်လဲခန်းမှာ လူငယ်တွေကို အားပေးစကားပြောဆိုနေရပြီး မနှစ်က ဆီမီးဖိုင်နယ်မှ လှည့်ပြန်ခဲ့ရသလို မဖြစ်ရဖို့ ပိုတိုးတက်သင့်ပြီဖြစ်ကြောင်း ဆိုလာပါတယ် ။

” ကျတော် United ကို ရောက်လာခဲ့တာ အချိန်အတိုင်းအတာ တစ်ခုထိကြာခဲ့ပါပြီ ။ ဒီ့အတွက် အဝတ်လဲခန်းလိုနေရာမျိုးမှာ ဘာလုပ်သင့်တယ် ဘာလိုအပ်လဲဆိုတာ ကျတော့အတွေ့အကြုံအရ သိနှင့်နေပါပြီ။ ဒီနေရာမှာ လူငယ်ကစားသမားလေးတွေကို တခုခုကူညီနိူင်မယ်လို့ ကျတော့ယုံကြည်ထားပါတယ် ။

Lockdown ကြောင့် ဘောလုံးပွဲတွေနဲ့ အတန်ကြာဝေးခဲ့ရပါတယ် ။ ဒါကြောင့် ကျတော်တို့ရော အားကစားကိုချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေပါ ဘောလုံးကို လွမ်းနေကြပါလိမ့်မယ် ။ ဒီလိုနားချိန်တွေရခဲ့တာဟာ ခုလို ပြန်လည်စတင်လာတဲ့ ပွဲစဉ်စိတ်စိတ်ကို ကောင်းကောင်းကစားနိုင်တဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်တယ်လို့ပဲ ထင်မိပါတယ်။

ကျတော်တို့အသင်းဟာ မနှစ်ကဆို Semi-Final တွေတက်ရောက်ခဲ့ပေမယ့် ဘာမှ မဖြစ်မြောက်လာခဲ့ပါဘူး။ ဒါကြောင့် ပိုတိုးတက်ဖို့ လိုသေးတယ်ဆိုတာ သိသာနေပြီး ဒီနှစ်တော့ အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရမှာပါ.

သိပ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နှစ်တစ်နှစ်ပါ ။ အချိန်နည်းနည်းနဲ့ ပွဲစဉ်များများ ကစားရတော့ စိန်ခေါ်မှုက ကြီးမားပါတယ်။ ဒါပေမယ့် ဒါကို ကျတော်တို့အကောင်းဆုံး ကျော်ဖြတ်နေပြီး ကောင်းမွန်တဲ့အဆင့်တစ်ခုနဲ့အတူ ဖလားလမ်းကြောင်းမှာ ရှိနေပါတယ်…”လို့‌လုရှောခ်ကပြောခဲ့တာပါ။

Leave a Comment

Your email address will not be published.