အသင်းပွဲကြပ်ချိန်မှာအခြားအသင်းလေ့ကျင့်ရေးကွင်းရောက်နေလို့ဝေဖန်ခံနေရတဲ့မန်ယူကစားသမား

မန်ယူအသင်းမှာ ပွဲထွက်မကစားရတာကြာနေပြီဖြစ်တဲ့အာကျင်တီးနားလက်ရွေးစင် မာကိုရိုဂျိုဟာ မန်ယူအသင်ရဲ့ဘောက်ဆင်ဒေးပွဲကြပ်ချိန်တွေမှာ အသင်းမှာရှိမနေဘဲမိခင်နိုင်ငံအာကျင်တီးနားကို ပြန်လည်ရောက်ရှိနေကြောင်းအာကျင်တီးနားမီဒီယာတွေမှာဓါတ်ပုံတွေနဲ့ပါရှိလာပါတယ်။

ရိုဂျိုဟာသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့အာကျင်တီးနားကလပ်အက်စတူးဒီးရန့်အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုရောက်ရှိနေတာဖြစ်ပြီးအသင်းဟောင်းက ကစားဖေါ်ဟောင်းတွေလေ့ကျင့်နေတာကိုသွားရောက်အားပေးနေတဲ့ပုံတစ်ကို အက်စတူးဒီးရန့်အသင်းရဲ့တွစ်တာမှာလည်းလွှင့်တင်လိုက်ပါတယ်။

အဆိုပါပုံကြောင့် မန်ယူပရိတ်သတ်တွေကလည်းအသင်းရုန်းကန်နေရချိန်မှာ အသင်းနဲ့အတူမရှိနေတာကို အပြစ်တင်တဲ့ကော်မန့်တွေရေးသားခဲ့ကြလိုအက်စတူးဒီရန့်အသင်းပရိတ်သတ်တွေကလည်းသူတို့ရဲ့သူရဲကောင်းအသင်းသားဟောင်း ဟာအသင်းကို ပြန်လာဖို့ရှိနေပြီဆိုတာကြောင့် ဝမ်းသာကြိုဆိုတဲ့ရေးသားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ရိုဂျိုဟာ အက်စတူးဒီရန့်ပရိတ်သတ်တွေရဲ့အားပေးမှုအပြည့်ရရှိထားတဲ့ကစားသမားတစ်ဦးဖြစ်ပြီးပရီတ်သတ်အများစုကလည်းအသင်းဟောင်းကိုပြန်လာကစားဖို့မျှော်လင့်ခံနေရသူပါ။

ရိုဂျိုကိုပြီးခဲ့တဲ့နှစ်ကလည်းနည်းပြဆိုးရှားက သူ့ရဲံအသင်းဟောင်း အက်စတူးဒီရန်စီကို လစာစိုက်ထုတ်ပြီးအငှားချပေးကာ ဒဏ်ရာကြောင့် စိတ်ဓါတ်ကျနေတဲ့ကစားသမားကိုစိတ်ဓါတ်ခွန်အားမြှင့်တင်ပေးဖို့ပြုလုပ်ခဲ့ပေမယ့်ကံဆိုးလှတဲ့ရိုဂျိုဟာ ထိုအသင်းလေ့ကျင့်ရေးကွင်းမှာဒဏ်ရာထပ်မံရရှိခဲ့ပြီးအနားယူခဲ့ရကာပြန်လည်ကစားနိုင်တဲ့အချိန်မှာ တော့ တစ်ပွဲသာကစားခဲ့ရပြီးကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် ဘောလုံးပွဲတွေရပ်နားခဲ့ရပြီးမန်ယူအသင်းကိုပြန်ခဲ့ရပါတယ်။

လစာစရိတ်လျှော့ချလိုနေတဲ့မန်ယူအသင်းက လည်းအသင်းမှာနေရာမရတဲ့ကစားသမားတွေကို အသင်းကနေထွက်ခွါသွားစေချင်နေပြီးထိုအထဲမှာ ရိုဂျို၊အင်္ဂလန်နောက်ခံလူဖီးလ်ဂျုံး၊အာကျင်တီးနားဂိုးသမား ရိုမဲရိုးနဲ့ ကွင်းလာ်ကစားသမားလင်ဂတ်တို့ပါဝင်နေပါတယ်။

ရိုဂျိုစာ အသင်၃၀အရွယ်သာရှိသေးပြီးဒဏ်ရာပြသနာတွေကြောင့်သာကစားသမားဘဝမှေးမှိန်ခဲ့ရတာဖြစ်ပြီး ခြေစွမ်းခြေစရှိတဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် ယုံကြည်မှုသာပြန်လည်ရရှိခဲ့ရင်ထိပ်တန်းအဆင့်မှာကောင်းကောင်းကစားနိုင်သေးတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.