စနွရာသီမှာ ယူနိုက်တက်ကို နှုတ်ဆက်ဖို့ ၁၀၀ရာခိုင်နှုန်း သေချာသွားပြီဖြစ်တဲ့ ကစားသမား

လာမယ့်နွေရာသီမှာတော့ မကြာခနဆိုသလို ယူနိုက်တက်ကို ကျောခိုင်းနှုတ်ဆက်တော့မယ်ဆိုပြီး သတင်းထွက်လာတတ်တဲ့ ပါရမီရှင် ကွင်းလယ်ကစားသမားကတော့ အသင်းကို နှုတ်ဆက်ဖို့ သေချာသွားပြီလို့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေက အတည်ပြုခဲ့တယ်လို့ မန်ချက်စတာယူနိက်တက် ညနေခင်းသတင်းတွေကဖော်ပြပါတယ်။

တိကျတဲ့ သတင်းSourceအရ Paul Pogbaဟာ လာမယ့်နွေရာသီမှာ United ကနေ ထွက်ခွာဖို့ ရာနှုန်းပြည့်သေချာကြောင်း သိရပါတယ် ။

မန်ယူနိုက်တက်သည် ပေါလ်ပေါ့ဘာအတွက် ရာဘီယော့နှင့် ရမ်ဆေး ကဲ့သို့သော ကစားသမားများနှင့် အလိုက်ပေး ကမ်းလှမ်းချက်များအား စိတ်ဝင်စားခြင်း မရှိပဲ ငွေကြေးကမ်းလှမ်းမှု သို့မဟုတ် ထိပ်တန်းကစားသမားများနှင့် အလိုက်ပေးကမ်းလှမ်းမှုကိုသာ အလိုရှိနေပါတယ်။ပေါ့ဘာဟာ ၂၀၂၁ အပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်မှ ၁၀၀% သေချာပေါက် ထွက်ခွါတော့မှာပါ။

ယခုနှစ် နွေရာသီပြောင်းရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပေါ့ထွက်ခွာခဲ့ရင် ကော်တင်ဟိုနဲ့ ရာကီတစ်တို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ပါ့ဘာ က အရင်တုန်းကလည်း အခုလိုမျိုး အသင်းကနေထွက်ခွာချင်တဲ့ အမူအရာတွေပြသခဲ့ပြီး ပရိသတ်ငြိုငြင်တာ ခံခဲ့ရဖူးတဲ့ ကစားသမားပါ။

အဲဒီအချိန်တုန်းကလည်း ပေါ့ဘာ နဲ့ ပတ်သက်ပြီး နည်းပြဆိုးရှား နဲ့ အေးဂျင့်ရွိုင်အိုလာ တို့ အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေနဲ့ တင်းမာခဲ့ကြဖူးပါတယ်။

သူ့ရဲ့အေးဂျင့် ရွိုင်အိုလာ က အခုလိုမျိုး ပြောကြားလာတာကို ယူနိုက်တက်အသင်းဘက်က ဘာမှမှတ်ချက်ထုတ်ပြန်မထားပေမဲ့ ပရိသတ်တွေကတော့ ဒေါသထွက်နေကြပါတယ်။

အးဂျင့်က ယူနိုက်တက်နေထွက်ခွာတော့မယ်လို့ ပြောကြားနေတဲ့အချိန်မှာ ပေါ့ဘာ က အဲဒီအကြောင်းတွေကို ဘာမှမပြောဘဲ တဲလက်စ် နဲ့ သူနဲ့ ဘယ်သူ့ရဲ့ဆံပင်ပုံစံက ပိုမိုက်သလဲဆိုပြီး လူမှုကွန်ယက်မှာတင်နေတာကိုလည်း ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

ပါ့ဘာ က အေးဂျင့်ပြောတဲ့အတိုင်း လိုက်လုပ်နေပြီး အေးဂျင့်ကလည်း ပေါ့ဘာ အပြောင်းအရွှေ့ကနေ ငွေကြေး မျိုးမျိုးမြက်မြက် လိုချင်နေတယ်လို့ ဝေဖန်နေကြပါတယ်။

ပါရမီရှင်ကွင်းလယ် ကစားသမားဖြစ်တဲ့ ပေါ့ဘာ က ခြေစွမ်းကောင်းပေမဲ့ တစ်ချို့ပွဲစဉ်တွေမှာ ကစားချင်သလို မကစားချင်သလိုနဲ့ စိတ်ဓါတ်မရှိဘူးလို့ ဆိုနေကြပါတယ်။

ပေါ့ဘာ မရှိလည်း ယူနိုက်တက်က လက်ရှိကစားသမားတွေရဲ့ စုစည်းမှုနဲ့ ရှေ့ဆက်သွားနေမှာဖြစ်လို့ ဒီကစားသမားနဲ့ ဒီအေးဂျင့်တို့ကို အခုကတည်း ဇာတ်လမ်းဖြတ်လိုက်တာကောင်းတယ်လို့ ဝေဖန်နေကြပါတယ်။

Leave a Comment

Your email address will not be published.