ဆိုးရှာဟာသူ့အသင်းသားတွေကိုမန်ယူအသင်းရဲ့လမ်းစဉ်ဆိုတာကိုသင်ကြားပေးနိုင်ခဲ့ပြီဟု အာဆင်နယ်ဂန္ဓဝင်ချီးကျူး

အာဆင်နင်းရဲ့ဂန္ဓဝင်နောက်ခံကစားသမားကြီးတစ်ဦးဖြစ်ခဲ့တဲ့လီဒက်ဆင်ဟာ ယမန်နေ့ကယှဉ်ပြိုင်ခဲ့တဲ့ မန်ယူအသင်းနဲ့ဝုဗ်အသင်းတို့ရဲ့ပွဲစဉ်ကို အမေဇုံပရီးမီးယားအစီအစဉ်ရဲ့ဘောလုံးဝေဖန်သူအဖြစ်မန်ယူကစားသမားဟောင်းဖီးနဗီးလ်နဲ့အတူဆောင်ရွက်ခဲ့ရာမှာ နောက်ဆုံးမိနစ်မှာမန်ယူတိုက်စစ်မှူး ရက်ဖိုစ့်ရဲ့အနိုင်ဂိုးသွင်းယူပြီးချိန်မှာ ထိုသို့ဆွေးနွေးပြောဆိုခဲ့တာပါ။

လီးဒက်ဆင်က ဖာဂူဆန်အနားယူပြီးနောက်ပွဲ မန်ယူအသင်းမှာပျော်ကဆုံးနေတာကြာပြီဖြစ်တဲ့အောင်ပွဲကိုဆာလောင်စိတ်ကို ယနေ့မန်ယူအသင်းမှာပြန်လည်မြင်တွေ့နေရပြီလို့ဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာအခုလိုစိတ်ဓါတ်မျိုးကို ပြန်လည်မြင်တွေ့ရတာအလွန်ကိုဝမ်းသာစရာကောင်းကြောင်း၎င်းကဆိုပါတယ်။အိုလေးက နည်းပြတစ်ယောက်အနေနဲ့လူလည်းသင်ယူနေသလို သူ့အသင်းသားတွေကိုလည်း မန်ယူရဲ့လမ်းစဉ်ဆိုတာဘာလဲဆိုတာကိုသင်ကြားပေးနိုင်ခဲ့ပါတယ်။

သူတို့တွေအသင်းစိတ်ဓါတ်ကိုတည်ဆောက်ထားနိုင်ခဲ့ပါပြီ။အခုဆိုရင်ပရီးမီးယားလိဂ်က အရင်လိုမဟုတ်တော့ပါဘူးထိပ်ဆုံးနေရာကို ယှဉ်ပြိုင်နိုင်တဲ့အသင်းက ၆သင်းလောက်ထိရှိနေပါပြီ။

လီပါပူလ်းသာအခုပုံစံကိုဆက်ထိမ်းထားရင် သူ့ကိုဘယ်အသင်းမှတားနိုင်မယ်မထင်ပါဘူးဟု၎င်းကပြောကြားခဲ့တဲ့အပေါ်ကိုတော့ မန်ယူကစားသမားဟောင်းဖီလ်းနဗီးက လက်မခံခဲ့ပါဘူး။မန်ယူအသင်းဟာ လီပါပူလ်းအသင်းကို ဆက်လက်စိန်ခေါ်နိုင်စွမ်းရှိနေကြောင်း ဖီးနဗီးကဒက်ဆင်ကို ငြင်းချက်ထုတ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အခုဆိုရင်လီပါပူလ်းအသင်းကိုပွဲတူနှစ်မှတ်အကွာနဲ့ချန်ပီယံပြေးလမ်းကြောင်းထဲကိုရောက်လာခဲ့ပြီးအခုဆိုရင်ပရီးမီးယားလိဂ်ရဲ့အဆင့်နှစ်နေရာကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.