ဘရူနိုရဲ့ Man Of The Matchကဘယ်ကစားသမားဖြစ်မလဲ

မန်ယူအသင်းဟာ အိမ်ကွင်းအိုးထရက်ဖိုစ်မှာ ဝုဗ်အသင်းကို ဧည့်ခံယှဉ်ပြိုင်ရာမှာခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးဝုဗ်အသင်းရဲ့စနစ်တကျထိမ်းချုပ်ကစားမှုတွေကြောင့်မန်ယူအသင်းအားသန်တဲ့ တန်ပြန်တိုက်စစ်ကစားခွင့်လုံးဝမရှိသလောက်ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်အဆိုပါပွဲစဉ်မှာ ယူနိုက်တတ်ကစားသမားအများအပြားကစားပုံကောင်းမွန်နေခဲ့ပြီး ဝုဗ်အသင်းရဲ့ကစားပုံကောင်းမွန်လွန်းလို့သာ အခက်အခဲတွေ့ခဲ့ရတာပါ။

ယူနိုက်တတ်အတွက်အထူးခြေစွမ်းပြခဲ့တဲ့ကစားသမားတွေကတော့ ဂိုးသမားဒီဂီယာ၊နောက်ခံလူအဲရစ်ဘိုင်ယီ၊မက်ဂွိုင်ယား၊ကွင်းလယ်ကစားသမားမာတစ်၊ဘရူနိုဖာနန်ဒက်နဲ့ပေါပေါ့ဘာတို့ဖြစ်ကြပါတယ်။

ထိုအထဲမှာ မန်ယူအသင်းခေါင်းဆောင်နောက်ခံကစားသမားမက်ဂွိုင်းယားဟာ ကစားသမားအဆင့်သတ်မှတ်ချက်အမြင့်ဆုံးရရှိခဲ့ပြီးရမှတ်၈မှတ်အထိရရှိခဲ့ပါတယ်။မက်ဂွိုင်ယာအခုလောက်ထိအမှတ်မြင့်တတ်ခဲ့ရတာကတော့ ခံစစ်ကိုတာဝန်ယူနိုင်ယုံသာမက တိုက်စစ်အတွက် ဘောလုံးဖြန့်ဝေပေးနိုင်မှုတွေကြောင့်လို့ဆိုပါတယ်။

ဝုဗ်အသင်းရဲ့အပိုင်ဂိုးသွင်းခွင့်အမြောက်အများကိုကာကွယ်နိုင်ခဲ့တဲ့ဂိုးသမားဒေဗစ်ဒီဂီယာကတော့ အဆင့်သတ်မှတ်ချက်၇.၅မှတ်နဲ့ဒုတိယအကောင်းဆုံးဖြစ်နေခဲ့ပါတယ်။ဒီဂီယာဟာအဆိုပါပွဲစဉ်မှာဝုဗ်အသင်းရဲ့အပိုင်ကန်သွင်းချက်လေးကြိမ်ထက်မနည်းကိုကာကွယ်ခဲ့သူပါ။

ရမှတ်၇မှတ်စီရရှိခဲ့တဲ့ယူနိုက်တတ်ကစားသမားခြောက်ဦးအထိရှိခဲ့ပြီး အဆိုပါကစားသမားတွေကတော့ နောက်ခံလူအဲရစ်ဘိုင်ယီ၊ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ မာတစ်၊ပေါပေါ့ဘာ၊ဖာနန်ဒက်၊တိုက်စစ်မှူးရက်ဖိုစ့်နဲ့လူစားဝင်ကစားသမားလုရှောတို့ဖြစ်ကြပါတယ်။

ကစားသမားအဆင့်သတ်မှတ်ချက်အနိမ့်ဆုံးဖြစ်ခဲ့တဲ့ကစားသမားနှစ်ဦးကတော့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတဲ့ဘယ်နောက်ခံကစားသမားအဲလက်တဲလ်နဲ့ လူစားဝင်တိုက်စစ်မှူး မာရှယ်တို့ဖြစ်ကြောင်းသိရပါတယ်

အဲ့ဒီတစ်ပွဲလုံးမှာ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ရဲ့ Man Of The Matchကတော့ အဲရစ်ဘိုင်ယီဖြစ်ပါတယ်။

ဘရူနိုက သူ့ရဲ့ အင်စတာဂရမ် သူ့အတွက် Man Of The Matchကတော့ဘိုင်လီဖြစိပါတယ်ဆိုပြီး လေ့ကျင့်ရေးကွင်းထဲက ၂ယောက်တွဲပုံကိုတင်ခဲ့တာလည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးတို့ရော ဘယ်လိုထငိကြလဲ

မက်ဂွိုင်းယားအကောင်းဆုံးဖြစ်နေတဲ့ခဲ့ဝုဗ်နဲပွဲစဉ်က ကစားသမားအဆင့်သတ်မှတ်ချက်များ

Leave a Comment

Your email address will not be published.