ဖာဂူဆန်မွေးနေ့အတွက် ဂန္တဝင်ကျောနံပါတ်တွေကို တောက်ပစေခဲ့သူများကို ပေါလ်စခိုးလ်ပြောပြီ

မန်ချက်စတာယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (15) အဖြစ် ဝုဗ်အသင်းကို အို့ထရက်ဖို့စ်ကွင်းမှာ ရတ်ဖို့ရဲ့ တလုံးတည်းသောနောက်ကျအနိုင်ဂိုးနဲ့ အတူ ပရီးမီးယားလိဂ် ဇယားအဆင့် ၂သို့တက်လှမ်းနိုင်ခဲ့ပါပြီ….

မန်ချက်စတာယူနိက်တက်နည်းပြဟောင်းကြီး လည်းဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မွေးနေ့ဟာ Dec 31 ရက်နေ့ပါ….အဲ့ဒီမွေးနေ့အကြို အတွက် ယခုပွဲကို အနိုင်ရယူပေးခဲ့တယ်ဆိုတာကိုလည်း အင်္ဂလိပ်မီဒီယာတွေက ဝေဝေဆာဆာရေးခဲ့ကြပါတယ်..

ယင်းပွဲမှာ ဖာဂူဆန်မွေးနေ့ကို အလေးထားပြီး ဂန္တဝင်ကျောနံပါတ်တွေကို တောက်ပစေခဲ့တဲ့ကစားသမားတချို့ကို ပေါစခိုးလ်က သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်….

ပေါစခိုးလ်က ” မန်ချက်စတာယူနိက်တက် ရွှေရောင်အိမ်မက်တွေ တကျော့်ပြန်နိုးထလာပြီဆိုတဲ့ အရိပ်အယောင်တွေ နိုင်လိုစိတ်ပြင်းပြမှုရှိတဲ့ ကစားသမားတွေကို ကျနော်တို့ မျက်ဝါးထင်ထင်မြင်ခဲ့ရပါပြီ…..ဖလားအိမ်မက်ခြေလှမ်းတွေ တဖြည်းဖြည်းနီးလာခြင်းနဲ့အတူ ဂန္တဝင်ကျောနံပါတ်တွေကို တောက်ပစေခဲ့တဲ့ကစားသမားတချို့ကိုလည်းမြင်ခဲ့ရပါတယ်…

ကျောနံပါတ် ၁၀ ကိုဝတ်ဆင်တဲ့ ရတ်ဖို့စ်ကတော့ ကျနော်တို့ တွေရဲ့ တချိန်က ပွဲတိုင်းမှာ ကယ်တင်ရှင်ဖြစ်ခဲ့တဲ့ အချိန်ပိုတွေထိမမောမပန်းတပွဲလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ဝိန်းရွန်းနီ ကဲ့သို့ အရိပ်အယောင်တွေပြခဲ့ပြီး သူဝတ်ဆင်ထားတဲ့ ကျောနံပါတ် ၁၀ကို ဆက်လက်တောက်ပစေခဲ့ပါတယ်…

ကျောနံပါတ် ၇ ကို ဝတ်ဆင်ခဲ့တဲ့ ကာဗာနီဟာလည်း အသက်အရွယ် နဲ့မမျှအောင် တပွဲလုံး ရုန်းအားတိုက်စစ်အား တွေကို ရှိသမျှအကုန်ထုတ်သုံးပြီး အင်မတန်မှ ဂန္တဝင်ဆန်လှတဲ့ ယူနိက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို ဆက်လက်တောက်ပစေခဲ့ပါတယ်…

ကျောနံပါတ် ၁ ကို ဝတ်ဆင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာလည်း ဝေဖန်မှုတွေကြားထဲက နေဘဲ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပြီး အသင်းအတွက် နံပါတ်၁ ဂိုးသမားနေရာကို ထိုက်တန်ကြောင်းပြသခြင်းနဲ့အတူ ရှေးစဉ်ဆက်က ဂိုးသမားကြီးတွေရဲ့ နံပါတ်၁ ကို ဆက်လက်တောက်ပစေခဲ့ပါတယ်….

ဒီကစားသမားသုံးဦးလုံး ဟာ ဖာဂူဆန်လက်ထက်က ဂန္တဝင်ကျောနံပါတ်တွေကို မငြိုးနွမ်းစေခြင်းနဲ့အတူ ဖာဂူဆန်ကို မွေးနေ့လက်အောင်အကြိုအဖြစ် အဆင့်၂ နေရာနဲ့အတူ နိုင်ပွဲကိုဖန်တီး ဂုဏ်ပြုပေးခဲ့ကြလို့ ဝမ်းသာမိပါတယ် ” ဟု ရေးသားပြောပြထားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.