ဆိုးရှားကိုယ်တိုင်အလိုရှိတယ်လို့ထုတ်ပြောလိုက်တဲ့ကွင်းလယ်ကစားသမားကဘယ်သူလဲ

မန်ယူသည် ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်အား ခေါ်ယူရေးကို ပြီးခဲ့သည့် စက်တင်ဘာက မအောင်မြင်ခဲ့သော်လည်း စိတ်မလျှော့သေးကြောင်း၊ ဇန်နဝါရီအပြောင်းအရွှေ့တွင် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်သည် အသင်းတွင် အဓိက ကစားသမားဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ရရှိပါက ရောင်းထုတ်သွားဖွယ်ရှိသည်။

မန်ယူအသင်းသည် ဂရီးလစ်ရှ်ကို ခေါ်ယူလိုသော ဥရောပထိပ်တန်း ကလပ်အသင်းကြီးများတွင် ပါဝင်ပြီး ဂရီးလစ်ရှ်၏ ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးသွားရဖွယ်ရှိသည်။

ပြီးခဲ့သည့် အပြောင်းအရွှေ့တွင် မန်ယူအသင်းသည် ဂရီးလစ်ရှ်အတွက် ပေါင် ၆၅ သန်းသာပေးရန် ဆန္ဒရှိခဲ့သောကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသည်။ ထို့နောက် မန်ယူသည် အိုင်းယတ်မှ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူခဲ့ရသည်။

ဂရီးလစ်ရှ်က သူ၏အပေါင်းအသင်းများကို အိုးထရက်ဖို့သို့ ပြောင်းရွှေ့ဖြစ်မည်ဟု ပြောဆိုခဲ့သော်လည်း မန်ယူနှင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားပြီးနောက် ၂၄ နာရီအတွင်း ဗီလာနှင့် ၅ နှစ်စာချုပ်သက်တမ်းတိုးခဲ့သည်။

မန်ယူအသင်းမန်နေဂျာ ဆိုးရှားက အသက် ၂၅ နှစ်အရွယ်ရှိ ဂရီးလစ်ရှ်၏ အပြောင်းအရွှေ့ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး သတင်းထောက်များက မေးမြန်းရာတွင် ဆိုးရှားက “တခြားအသင်းရဲ့ ကစားသမားတွေနဲ့ ပတ်သက်လို့ ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။

သူကတော့ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားပါ။ ဗီလာနဲ့ အင်္ဂလန်ရဲ့ အမာခံကစားသမားဖြစ်နေတဲ့ ဂရီးလစ်ရှ်ဟာ တောက်လျှောက်တိုးတက်နေပါတယ်။ ဂရီးလစ်ရှ်သွင်းယူတဲ့ဂိုးတွေက ပညာသားပါတဲ့ ဂိုးတွေ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့က ခက်ခဲနိုင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

Leave a Comment

Your email address will not be published.