ဘော်ဘီချာတန်ကျောနံပါတ်ကို အဆိပ်သင့်စေခဲ့တဲသူကို ဒေါသတကြီးပြောလာခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာယူနိက်တက် နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတွင် ၂၀ ရာစုနှစ် အတွင်း ဘော်ဘီချာတန်ဟာ အကောင်းဆုံးတိုက်စစ်မှူးကောင်းတယောက်အဖြစ်မှတ်တမ်းဝင်ခဲ့သော ကစားသမားတယောက်ဖြစ်ပါတယ်…

ဘော်ဘီချာတန်ဟာ မြူးနစ်လေယာဉ်ပျက်ကျတုန်းက အသက်ရှင်ကျန်ခဲ့သော ယူနိက်တက်ကစားသမားတယောက်ဖြစ်ပြီး ကျောနံပါတ် (၉) ကို ဝတ်ဆင်ခဲ့ပြီး အောင်မြင်မှုတွေကို ယင်းနံပါတ်နဲ့ ရယူခဲ့သော ကစားသမားတဦးဖြစ်ပါတယ်…..

မန်ချက်စတာယူနိက်တက်တွင် လက်ရှိကျောနံပါတ်ကို (၉) ကိုဝတ်ဆင်နေသော ကစားသမား ဖြစ်တဲ့ မာရှယ်ကို နောက်ခံကစားသမားဟောင်း ဖာဒီနန်က ယခုလိုဝေဖန်ထားပါတယ်…

ဖာဒီနန်က ” ကျနော်တို့ ယူနိက်တက် ကို လက်ရှိအနေထားကို အရမ်းအားရပါတယ်….ဒါပေမဲ့ ကျနော် ယူနိက်တက်ရဲ့ပွဲ Highlight ဖိုင်တွေကိုဲပန်ကြည့်တဲ့အခါ ကျနော်ဒေါသထွက်ခဲ့တာလေးရှိပါတယ်…အဲ့ဒါက မာရှယ်ကိုပါဘဲ……

တိုက်စစ်ပိုင်းမှာ မာရှယ်ပါလာရင် ဘောလုံးအပျက်များပြီး ဂိုးသွင်းခွင့်တွေလည်း အကြိမ်ကြိမ်ဆုံးရှုံးရတယ်…သူ့ကို တိုက်စစ်ပိုင်း ဂိုးသွင်းဖို့ကြိုးစားခိုင်းတာထက် တောင်ပံတိုက်စစ်ကနေ ကာဗာနီ အတွက် အမြင့်ဘောတွေ ဖန်တီးခိုင်းသင့်တယ်…..

ဘာဖြစ်လို့ယခုလို ပြောရလဲဆိုရင် လွန်ခဲ့တဲ့ရက်ပိုင်းက ဆိုးရှားပြောတဲ့ ယူနိုက်တက်ရွှေရောင်နေ့ရက်တွေအတွက် လိုအပ်ချက်တွေပြောပြခဲ့တယ်…အစီအစဉ်တခုက အဲ့ဒီအတွက်ကျနော်ကို ပြန်ရှင်းပြဖို့ ပြောထားတယ်…ဒါကြောင့် ကျနော် ဒီဖိုင်တွေကို ပြန်ကြည့်ရင်း ဒေါသထွက်ခဲ့မိတာပါ…..

ကျနော် ဒေါသထွက်ခဲ့တာဟာ အမုန်းပွားလိုစိတ်ကြောင့်မဟုတ်ပါဘူး…အဲ့တာဘာဖြစ်လို့လဲမေးရင် ယူနိက်တက်အတွက် ပေးဆပ်နေဆဲမို့ပါ….မာရှယ်ကိုယခုလို ကစားခိုင်းတာကတော့ သူဝတ်ဆင်နေတဲ့ ကျောနံပါတ် (၉) နဲ့ အောင်မြင်မှုတွေရယူထားခဲ့တဲ့ ဘော်ဘီချာတန် ကို အဆိပ်သင့်စေခဲ့ပြီး အရှက်ရစေခဲ့ပါတယ်..” ဟု ပြောသွားခဲ့ပါတယ်..

FBV News

Leave a Comment

Your email address will not be published.