မခေါ်ယူသင့်တဲ့ကစားသမားကြောင့်အကြွေးတင်မယ့်ယူနိုက်တက်အကြောင်းပြောလာတဲ့ ကားရစ်

မန်ချက်စတာယူနိက်တက်ဟာ ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ ကစားသမားသစ်ခေါ်ယူမှုတွေ တောက်လျောက် လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အသင်းပိုင်ရှင်တွေက အတည်ပြုပြောကြားထားမှုတွေရှိနေပါတယ်…

မန်ချက်စတာယူနိက်တက်ဟာ ယခုဇန်နဝါရီအပြောင်းအရွေ့ကာလမှာ တိုက်စစ်ကစားသမားနှင့် ခံစစ်ကစားသမားတွေကို အဓိကထားဝယ်ယူမယ်ဆိုတဲ့အကြောင်းကိုလည်း အက်ဝုဒ်က ပြောထားခဲ့ပြီးဖြစ်ပါတယ်..

ယခုအပြောင်းအရွေ့တွင် ယူနိက်တက်ရဲ့ လက်ထောက်နည်းပြ ကားရစ်က မခေါ်ယူသင့်တော့တဲ့ကစားသမားကြောင့် ယူနိက်တက်အတွက် ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာလိမ့်မယ်ဆိုတဲ့အကြောင်းကို Sport Trible News မှာ ယခုလိုပြောသွားခဲ့ပါတယ်..

ကားရစ်က ” ဒီဇန်နဝါရီအပြောင်းအရွေ့မှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်မယ်ဆို ဘယ်ကစားသမားဘဲခေါ်ခေါ် အသင်းရဲ့ ကစားကွက်နဲ့ အံဝင်မှုရှိရဲလားဆိုတာကို ပထမဆုံးကြည့်ရပါမယ်….နောက်တခုက လက်ရှိ ကစားသမားရဲ့ ခြေစွမ်းအခြေနေ ကိုလည်းကြည့်ရမယ်….ယခင်ကဘယ်လောက်ဘဲခြေစွမ်းပြနေပါစေ လက်ရှိအသင်းမှာ ဒီကစားသမားဟာ အားစိုက်ထုတ်မှုမရှိရင် ခေါ်လို့မရပါဘူး

အဲ့ဒီကစားသမားကိုခေါ်ယူလိုက်မယ်ဆိုရင်တော့ အသင်းရဲ့ လက်ရှိကစားကွက်နဲ့အံမဝင်ဘူးဆိုရင် အသင်းက လက်ရှိကစားသမားတွေအတွက် ဖိအားတွေထပ်များပါလိမ့်မယ်….နောက်တခုက ဈေးကြီးပေးပြီး တိုက်စစ်ကစားသမားတယောက်ကို ယူနိက်တက်ဟာ ခေါ်နေစရာမလိုဘူးထင်ပါတယ်…

ယူနိက်တက်နည်းပြကြီးဆိုးရှားလ်အနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူဖို့ အတွက်ဆိုရင် ကျနော်ပြောတဲ့ အချက်တွေကို စဉ်းစားကြည့်ပါလို့ အကြံပေးချင်ပါတယ်….ယူနိက်တက်မှာ သူ့အတွက်နေရာမရှိပါဘူး ကျနော်တို့အဓိက လိုနေတာက တိုက်စစ်မဟုတ်ပါဘူး…..ခံစစ်ကစားသမားကောင်းတွေလိုနေတာပါ….

အသင်းရဲ့ဘုတ်အဖွဲ့တွေလည်းဒါကို မြင်ပါစေ နားလည်နိုင်ပါစေ….ကျနော်ဒီစကားတွေကိုပြောလို့ ကျနော့်လက်ထောက်နည်းပြနေရာကနေထုတ်ပယ်ခံရနိုင်ပါတယ်….ဒါပေမဲ့ ယူနိက်တက်ကို တန်ဖိုးထားပြီးချစ်တဲ့စိတ်ကြောင့်ပါ ” ဆိုပြီး Sport Trible News မှာပြောသွားခဲ့ပါတယ်..

FBV News

Leave a Comment

Your email address will not be published.