မန်ယူအသင်းဖေါ်ဟောင်းကိုခေါ်ယူဖို့လုပ်နေတဲ့ရွန်နီ

ဒါဘီကောင်တီအသင်းရဲ့နည်းပြသစ်ရွန်နီကတန်းဆင်းဇုန်ကရုန်းထွက်လာနိုင်ခဲ့တဲ့သူ့အသင်းကို အခုဇန်နဝါရီမှာလူအင်အားဖြည့်တင်းဖို့စီစဉ်နေရာမှာမန်ယူအသင်းကအသင်ဖေါ်ဟောင်းတစ်ဦးကို ခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။

ရွန်နီခေါ်ယူဖိုံစီစဉ်နေတဲ့ကစားသမားကတော့မန်ယူအသင်းမှာဒဏ်ရာကြောင့်အနားယူနေရပြီးပွဲထွက်ကစားခွင့် လွဲချော်နေတဲ့ နောက်ခံကစားသမားဖီးဂျုံလ်းဖြစ်ပါတယ်။ဖီးဂျုံးကိုအငှားနဲ့ခေါ်ယူနိုင်ရေးမန်ယူအသင်းနဲ့ ဆွေးနွေးနေပါတယ်။

ဖီဂျုံးကိုခေါ်ယူခွင့်ရရှိခဲ့မယ်ဆိုရင်တောင် ကစားသမားရဲ့လစာဖြစ်တဲ့တပါတ်ပေါင်တသိန်းနှစ်သောင်းဆိုတာဒါဘီအသင်းတွက်ခက်ခဲတဲ့အနေထားဖြစ်နေတာကြောင့်ရွန်နီထင်သလောက်တော့လွယ်ကူတဲ့အနေထားမဟုတ်ပါဘူး။

အသက်၂၈နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ မန်ယူအသင်းကိုစတင်ရောက်ရှိချိန်က ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာဒဏ်ရာပြသနာတွေကြောင့်ပွဲထွက်ကစားခွင့်တွေပျောက်ဆုံးလာခဲ့ပြီးခြေစွမ်းပျေက်ဆုံးမှုတွေဖြစ်နေခဲ့တာပါ။

မန်ယူအသင်းကတော့ဖီးဂျုံလ်းကို လာမယ့်ဇန်နဝါရီမှာအသင်းကနေအငှားနဲ့ထွက်ခွါစေဖို့စီစဉ်နေပြီအဆိုပါကစားသမားကိုမစ်ဒယ်ဘရော့အသင်းနဲ့ဝက်ဟမ်းအသင်းတို့ကလည်း ချိတ်ဆက်နေကြပါတယ်။

ဒါဘီအသင်းနည်းပြရွန်နီကတော့ ဂျုံလ်းကမန်ချက်စတာယူနိုက်တတ်အသင်းရဲ့ကစားသမားပါ။ကျွန်တော်သူ့ကို အလုပ်ကိစ္စပုဂ္ဂိုလ်ရေးအရစကားမပြောပါဘူးလို့The Althleticနဲ့အင်တာဗျူးမှာဖြေခဲ့ပါယ်။ရွန်နီဟာ ဒါဘီအသင်းနည်းပြအဖြစ် ဆောင်ရွက်အပြီး၈ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားနိုင်ပါတယ်။

Leave a Comment

Your email address will not be published.