ခံစစ်အတွက် ရာမို့စ်ကို ဘာကြောင့်ခေါ်ယူသင့်လဲဆိုတဲ့အကြောင်းပြောလာတဲ့ ဝိန်းရွန်းနီ

မန်ချက်စတာယူနိက်တက် ဟာ ဇန်နဝါရီအပြောင်းအရွေ့မှာ အပြောင်းအရွေ့ကစားသမားခေါ်ယူမှုများကို နှစ်ဆတိုးမြင့်လုပ်ဆောင်မယ်ဆိုတဲ့ ရာဇသံကို အသင်းပိုင်ရှင်တွေထံမှ တဆင့် အမှုဆောင်ချုပ် အက်ဝုဒ်ကနေ ကြေညာခိုင်းလိုက်ပါပြီ….

နောက်တန်းခံစစ်ကစားသမားကို အသည်းအသန်လိုချင်နေတဲ့အကြောင်းကိုလည်း အင်္ဂလိပ် မီဒီယာတွေဖြစ်တဲ့ Metro,MEN United News တို့ကလွန်ခဲ့တဲ့ ရက်သတ္တပတ်ထဲ က အကျယ်တဝန့်ဖော်ပြခဲ့ကြပါတယ်…

မန်ချက်စတာယူနိက်တက် ဂန္တဝင်ကစားသမားဟောင်းကြီး ဝိန်းရွန်းနီက ရီးရဲမက်ဒရစ် အသင်းရဲ့ နောက်ခံကစားသမားရာမို့စ်ကို ဘာကြောင့်ခေါ်ယူသင့်လဲဆိုတာကို Sport Trible News မှာ ယခုလိုပြောထားပါတယ်…

ဝိန်းရွန်းနီ က ” ယူနိက်တက်ရဲ့ တိုးတက်လာတဲ့ ခြေလှမ်းတွေကို မြင်တွေ့နေရတာ အတိုင်းမသိဝမ်းသာမိပါတယ်….ကျနော် ယူနိက်တက်ရဲ့ပွဲစဉ်တွေကို အမြဲကြည့်ဖြစ်ပါတယ်…ကြည့်လိုက်တိုင်း နိုင်တဲ့ပွဲဘဲဖြစ်ဖြစ် ရှုံးတဲ့ပွဲဘဲဖြစ်ဖြစ် တခုခုလိုနေတယ်…

အဲ့ဒါက တော့ အသင်းကို ပြင်းထန်တဲ့မောင်းနှင်းအားနဲ့ တွန်းအားပေးမယ့် ဦးဆောင်မှုကောင်းတဲ့ ခံစစ်ကစားသမား ခေါင်းဆောင်ကောင်းတဦးလိုအပ်ပါတယ်..အဲ့လိုအရည်အချင်းမျိုး ရာမို့စ်မှာရှိပါတယ်..ရာမို့စ်ဟာ မက်ဒရစ်မှာ သူဦးဆောင်တဲ့ပွဲတွေဆို အောင်မြင်မှုတွေမနည်းပါဘူး….

အခုမန်ယူနောက်တန်းကို အားမရတဲ့အနေအထားတခုရှိတာက အရမ်းနှေးတယ် …အမြင့်ဘောတွေအားနည်းတယ်….ဒါတွေကို ဖြေရှင်းဖို့ ရာမို့စ်လို ကစားသမားမျိုးလိုအပ်တယ်….သူ့ကပြိုင်ပွဲစုံအတွေ့အကြုံရှိတယ်လေ…..အဲ့တော့ မန်ချက်စတာယူနိက်တက်အနေနဲ့ ရာမို့စ်ကို ခေါ်ယူမယ်ဆို ကောင်းမွန်တဲ့ ခေါ်ယူဖြစ်ပါလိမ့်မယ် ” ဟု ပြောသွားခဲ့ပါတယ်..

FBV News


Leave a Comment

Your email address will not be published.