ဂရီးလစ်ဆိုတာဆိုးရှားတွက်မဝယ်နိုင်တဲ့ဇိမ်ခံပစ္စည်းပါလို့ခနဲ့လိုက်တဲ့ဗီလာကြယ်ပွင့်ဟောင်း

အက်စတွန်ဗီလာအသင်းနဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဒီယွန်ဒဗ္ဗလင်ကသူ့အသင်းဟောင်းအက်စတွန်ဗီလာသင်းက အဝေးကွင်းမှာမန်ယူအသင်းကို၂း၁ရလာဒ်နဲ့ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပြကစားခဲ့တဲ့ဗီလာအသင်းကစားသမား ဂရီးလစ်ရ်ကို အထူးချီးကျူးပြောကြားခဲ့ပါတယ်။

ဒဗ္ဗလင်က ဂရီးလစ်က တကယ့်ကို ကမ္ဘာအကောင်းဆုံးစာရင်းထဲကိုရောက်လာတော့မှာပါ။သူကစားသွားတာအရမ်းကောင်းပါတယ်ဂိုးတစ်ဂိုးလည်းဖန်တီးနိုင်ခဲ့ပါတယ်။

သူ့ကိုစိတ်ဝင်စားနေတဲ့ ဥရောပအသင်းကြီးတွေအများကြီးပါ။လက်ရှိဈေးကွက်အနေထားနဲ့ဗီလာက ဂရီးလစ်ကို ပေါင်သန်း၁၀၀လောက်ရမှဘဲဈေစကားပြောမယ့်အခြေနေမျိုးပါ။

ဂရီးလစ်ကို အသည်းအသန်လိုချင်နေတဲ့ထဲမှာ အိုလေး ကလည်းထိပ်ဆုံးကဆိုတာ လူတိုင်းသိနေတဲ့သတင်းပါ။အိုလေးအနေနဲ့လိုချင်ပေမယ့်ပေါင်သန်း၉၀လောက်နဲ့အဆင်ပြေနိုင်တဲ့ ဆန်ချိုကိုတောင် မခေါ်နိုင်ခဲ့တာ သန်းတစ်ရာလောက်မှ စတင်ကမ်းလှမ်းလို့ရမယ့်ဂရီးလစ်ကတော့ သူ့အတွက်မဝယ်နိုင်တဲ့ဇိမ်ခံပစ္စည်းလိုဖြစ်နေတာပေါ့ဗျာဟုခနဲ့သွားခဲ့ပါတယ်။

ဗီလာကပ္ပတိန်ကို မန်ယူက စိတ်ဝင်တစားခေါ်ယူဖို့ ကြိုးစားခဲ့မှုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေှ့ဈေးကွက်အတွင်း အချိန်အကြာဆုံးပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ရပေမယ့်လည်း စတာလင်ပေါင်သန်း (၁၀၀)အထိ မန်ယူဘုတ်အဖွဲ့က မပေးချင်တာကြောင့် အထမမြောက်ခဲ့ရတာပါ။

မနေ့ညကပွဲမှာလည်း ဂရီးလစ်ရှ်ဟာ ဘားထရမ့်ထရာအိုရေး ချေပဂိုးသွင်းနိုင်ဖို့ဖန်တီးပေးခဲ့သလို အို လီဝပ်ကင်အတွက်လည်း ဂိုးသွင်းခွင့်ဖော်ဆောင်ပေးခဲ့မှုတွေအပါအဝင် အခွင့်အရေးအများအများကို ဖန်တီးခဲ့ တာဖြစ်ပါတယ်။

သူ့ပုံစံအတိုင်း ဘယ်ခြမ်းကို ဆင်းပြီး မန်ယူခံစစ်ကို ထိုးဖောက်ခဲ့ရာမှာ အန ္တရာယ်များတဲ့နေရာ တွေမှာ ပြစ်ဒဏ်ဘောတွေကန်ခွင့်ရအောင် ကြိုးစားပေးခဲ့ပြီး အခုဆိုရင် ဗီလာကပ္ပတိန်ဟာ ဂိုးဖန်တီးမှုခုနစ် ကြိမ်၊ သွင်းဂိုးငါးဂိုးအထိ ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဂရီးလစ်ရှ်လို ကစားသမားမျိုးကိုသာ ခေါ်ယူလိုက်မယ်ဆိုရင် အသင်းအတွက် အကျိုးရှိစေမှာ အမှန်ပဲ ဆိုပေမယ့် ဘရူနိုဖာနန်ဒက်ဇ်ရဲ့လွှမ်းမိုးမှုကြီးမားလှတဲ့ မန်ယူကွင်းလယ်အတွက် နံပါတ်(၁၀)ကစားသမားတစ် ဦးတကယ်ပဲ လိုအပ်နေသေးလားဆိုတာက စဉ်းစားစားစရာပါပဲ။

နောက်တစ်ချက်ရှိသေးတာက ကိုရိုနာဗိုင်းရပ် စ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေချိန်မျိုးမှာ မန်ယူဘုတ်အဖွဲ့အနေနဲ့ ပေါင်သန်း(၁၀၀)လောက်အထိ သုံးစွဲပြီး ကစားသမားသစ်တစ်ဦး ဝယ်ဖို့ဆိုတာကလည်း အလှမ်းကွာလွန်းနေတဲ့အတွက် ဂျက်ဂရီးလစ်ရှ်ဆို တာဟာ အိုလေဂန်နာဆိုးလ်ရှားအဖို့ လက်လှမ်း မမှီနိုင်တဲ့ ဇိမ်ခံပစ္စည်းတစ်ခုအဖြစ်သာ ရှိနေပါလိမ့်ဦးမယ့်စကားကလည်းမှန်နေပါတယ်။

Leave a Comment

Your email address will not be published.