တစ်ဖက်အသင်း ဂိုးပေါက်ရှေ့က မာရှယ်ရဲ့ ခြေစွမ်းအပေါ် ဆိုလ်းရှားပေးတဲ့ ရီပို့ကဒ်

အိမ်ကွင်းမှာမန်ယူတို့ နိုင်ပွဲဆက်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လစ်ဗာပူးနဲ့ ပွဲတူ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ အဆင့်၂ နေရာမှာ ဆက်ရှိလာခဲ့ပါပြီ။

၂၀၂၁ နှစ်သစ်မှာကစားတဲ့ ပွဲစဉ်မှာတော့ မန်ယူအနေနဲ့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး အဆုံးသတ်အပိုင်းအားနည်းတာရယ် ဗီလာ ဂိုးသမား မာတီနက်စ် အပိုင်အလုံးတွေကို ကာကွယ်နိုင်ခဲ့တာရယ်ကြောင့်သာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မန်ယူ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ ခြေစွမ်းပြခဲ့ပြီး ဖာနန်ဒက်စ် နဲ့ အတွက်အဖက်ညီခဲ့ပါတယ်။ မန်ယူ အတွက် ပထမဂိုးကို ပထမပိုင်း မိနစ်၄၀ မှာ နောက်ခံလူ ဝမ်ဘစ်ဆာကာ ပို့ပေးတာကနေတဆင့် အန်တိုနီ မာရှယ် က ခေါင်းတိုက်ပြီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းကိုနဲ့ လက်တွဲခဲ့ပြီးတဲ့နောက်မှာ ဖာနန်ဒက်စ်ဟာ ပွဲ၃၀ ကစားပြီး စုစုပေါင်း ၁၉ ဂိုးအထိရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၈ မိနစ်မှာတော့ အက်စတန်ဗီလာ ကစားသမား ထရာအိုရေး ချေပဂိုး သွင်းယူပေးခဲ့လို့ ၁ ဂိုးစီ သရေဖြစ်ခဲ့ပေမယ့် မန်ယူဘက်က ၆၁ မိနစ်မှာ ပေါ့ဂ်ဘာကြောင့် ရတဲ့ ပင်နင်တီကို ဘရူနို ဖာနန်ဒက်စ်က သွင်းယူခဲ့တာပါ။

လက်ကျန် အချိန်တွေမှာတော့ အက်စတန်ဗီလာ က ဆက်တိုက်ဖိကစားခဲ့ပေမယ့် အယ်လ်ဂါဇီနဲ့ ဝတ်ကင်စ် တို့ရဲ့ ကန်သွင်းမှုတွေ မသေချာခဲ့တဲ့ အတွက် ချေပဂိုးနဲ့ လွဲချော်ပြီး အိမ်ရှင်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အသင်းကြီးတွေနဲ့တွေ့တိုင်း ရလဒ်ကောင်းလေ့ရှိတဲ့ ဗီလာတို့ အိုးထရက်ဖို့ဒ်မှာတော့ မန်ယူကို အရှုံးပေးခဲ့ရတာပါ။ မန်ယူ အနေနဲ့လည်း ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၆ပွဲမှာ ၅ပွဲ အထိအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီပွဲမှာအဖွင့်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးမာရှယ်နဲ့ပက်သက်ပြီး နည်းပြဆိုလ်းရှားကတော့ ခုလို မှတ်ချက်ပြုလာပါတယ်။
အန်တိုနီယို ဟာ အရင်ထက်ပိုမိုတိုးတတ်လာပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေလည်း ပိုကောင်းလာခဲ့ပါတယ်။ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ပေမယ့်လည်း သူရင်ဆိုင်ရမယ့် တစ်ဖက်အသင်းဂိုးပေါက်ရှေ့မှာတော့ ဒီထက်ပိုမိုအောင်မြင်မှုရရှိဖို့ကြိုးစားရပါအုန်းမယ်။ အခုလောလောဆယ်တော့ အရင်ထက်ပိုမို ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ခွန်အားတွေ တိုးတတ်လာတဲ့ မာစီရယ်ကို တွေ့မြင်နေရပါပြီ။

” Form is temporary, Class is permanent ” ဆိုတဲ့ စကားနဲ့ အညီ မာစီရယ်ဟာ အခုချိန်မှာ သူ့ကိုယ်သူ အကောင်းဆုံး Class တစ်ခုမှာ ရှိနေတယ်ဆိုတာ သက်သေပြနေတာဖြစ်ပါတယ်။ သူက တစ်နေ့ထက်တစ်နေ့ တိုးတတ်လာမယ့် အလားအလာကောင်းတွေရှိပြီး သူ ဒီထက်ပိုမိုပြီး ဂိုးတွေလည်း သွင်းယူနိုင်မှာပါ။

Leave a Comment

Your email address will not be published.