ယူနိက်တက်တွင် နာကျင်ခံစားနေရတာဘာကြောင့်လဲဆိုတာ Twitter မှာ ဗန်ဒါဘတ်ဖွင့်ပြော

မန်ချက်စတာယူနိက်တက်ဟာ ကွင်းလယ်ကစားသမား ဗန်ဒါဘတ်အား စက်တင်ဘာလ မှာ အေဂျက်အသင်းကနေ ပေါင် ၄၄သန်းဖြင့်ခေါ်ယူခဲ့ပါတယ်….

ယင်းကစားသမားဟာ ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ဖန်တီးရှင်အဖြစ်ကျော်ကြားသူဖြစ်ပြီး နည်းပြကြီးဆိုးရှားလ်က ကြိုက်နှစ်သက်ပြီး ခေါ်ယူခဲ့သောကစားသမားဖြစ်ပါတယ်…

ယခုအချိန်အခါမှာ ကွင်းလယ်ဖန်တီးရှင် တွေဖြစ်တဲ့ တော်မီနေး ပေါ့ဘာ ဘရူနို ဖာနန်ဒက်တို့ကြားမှညပ်နေသလိုဖြစ်ပြီး ပုံမှန် ပွဲထွက်ခွင့်ရဖို့နှင့်
ခြေစွမ်းပြနိုင်ဖို့အရေး ရုန်းကန်နေရသူဘဲဖြစ်ပါတယ်…

ဗန်ဒါဘတ်က အေဂျက်က နေ မန်ယူကိုပြောင်းလာတာကောင်းသောပြောင်းလဲခြင်းတခု ဖြစ်ပြီး ယခု အခါမှာတော့ နေရာရဖို့အတွက် ရုန်းကန်နေရတဲ့အချိန်အားလုံးက သူ့အတွက် အိမ်မက်ဆိုးတွေလို နာကျင်ခံစားနေရကြောင်းကိုပြောလာခဲ့ပါတယ်..

ဗန်ဒါဘတ် က ” လက်ရှိအသင်းမှာ ခြေစွမ်းကောင်းတဲ့ကစားသမားတွေအများကြီးရှိပါတယ်….အဲ့ဒီကစားသမားတွေကြားနေရာတခုရဖို့ဆိုတာ အင်မတန်မှ ခက်ခဲလွန်းလှပါတယ်…

ယခုအသင်းမှာ ကျနော် နေရာတနေရာရဖို့အတွက် အရမ်းရုန်းကန်ရပါတယ်…နည်းပြကြီးဆိုးရှားရဲ့ ကစားကွက်ပေါ် အံ့ဝင်ဖို့ဆိုတာကလည်းအင်မတန်မှခက်ခဲပါတယ်…..နည်းပြကြီးဆိုးရှားလ်ရဲ့ဗျူဟာက အရမ်းနက်နဲပြီးအသေးစိတ်ကျလွန်းပါတယ်..

ကျနော်နားလည်ဖို့ နဲ့ အံဝင်ဖို့ကြိုးစားနေဆဲပါ….လက်ရှိအချိန်ထိတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့အချိန် တွေရယ် ….အရံခုံမှာထိုင်ပြီးငေးနေရတဲ့အချိန်တွေက ကျနော့်အတွက် နာကျင်ခံစားရပါတယ်….” ဆိုပြီး ဆိုရှယ်မီဒီယာမှာထွက်ဆိုရေးသားခဲပါတယ်..

FBV Sport News

Leave a Comment

Your email address will not be published.