ဥရောပ အကောင်းဆုံးကစားသမား၅ ယောက်မှာ မက်ဆီနဲ့ ဂဏာန်း ၂လုံးသာ ကွာတော့တဲ့ ဘရူနို

(၂၀၂၀)ခုနှစ်အတွင်းမှာ ဥရောပတစ်ခွင်ကသက်ဆိုင်ရာကလပ်အသင်းတွေအတွက် အကောင်းဆုံးစွမ်းဆောင်ခဲ့ကြတဲ့ကစားသမား(၅)ယောက်ကို Sky Sports က ရွေးချယ်ခဲ့ရာမှာ Bruno Fernandes က အဆင့်(၄)နေရာကနေပါဝင်လာခဲ့တာကိုအောက်ပါအတိုင်းတွေ့ရပါတယ်။

ဖာ်ပြပါကိန်းဂဏန်းအချက်အလက်တွေအရ Bruno ထက် ဂိုးဖန်တီးမှုနဲ့ဂိုးသွင်းခွင့်တွေပိုလုပ်ထားနိုင်တဲ့ကစားသမားက Leo Messi တစ်ယောက်တည်းသာဖြစ်ပြီး စွမ်းဆောင်ရည်(၂)ရပ်စလုံးမှာ ကိန်းဂဏန်း(၂)ခုစီသာကွာဟနေတာကိုတွေ့ရပါတယ်။

၂၀၂၀ရာသီမှာ မက်ဆီက ၂၃ဂိုးသွင်းယူထားပြီး ဘရူနိကတော့ ၂၅ဂိုးထိသွင်းယူထားပါတယ်။ ဒါ့အပြင်မက်ဆီကဂိုးဖန်တီးမှုနဲ့ဂိုးသွင်းခွင့်တွေမှာ ဘရူနိထက် ၂ကြိမ်ပဲပိုများထားတာကိုတွေ့ရပါတယ်။

ဘရူနိကတော့ သူ့ရဲ့ လက်ရှိအသင်းသားတွေနဲ့သူ့ဂိုးဖန်တီးမှုတွေနဲ့ပက်သက်ပြီး ခုလိုပဲစစနောက်နောက်မှတ်ချက်ပြုပါတယ်။
“အသင်းဖော်တွေနဲ့စနောက်ရတာကိုကျနော်သဘောကျတယ်။ အစောပိုင်းမှာကျနော်ပြောခဲ့သလိုပေါ့ ကျနော်တို့ကမိသားစုကြီးတစ်ခုလိုပဲ။ ထရိန်နင်မှာလည်းအချိန်တွေအကြာကြီးအတူရှိနေကြတယ်။ ဟိုတယ်တွေသွားတယ်၊ ပွဲကန်ဖို့ခရီးတွေထွက်တယ်။ ဒါကြောင့် အချိန်တိုင်းလိုလိုကျနော်တို့အားလုံးအတူရှိကြပါတယ်။ ဒီလိုကောင်းမွန်တဲ့ရင်းနှီးမှုမျိုး၊ ဆက်ဆံရေးမျိုးက ကျနော်တို့တွေကြားမှာရှိဖို့လိုပါတယ်”

“Rashford နဲ့ Martial ကြားမှာလည်း ဒီလိုနောက်ပြောင်နေတာတွေအမြဲရှိပါတယ်။ သူတို့ပြေးလမ်းထဲကိုဘောလုံးထိုးပေးတဲ့အခါတိုင်း ကျနော်အမြဲသူတို့ကိုသတိပေးတယ်။ ဘယ်တော့မှလည်းသူတို့ဝင်အောင်မကန်ကြဘူး။

ကျနော်ဂိုးဖန်တီးမှုတွေရအောင် သူတို့ဘယ်တော့မှဝင်အောင်မကန်ဘူး။ လိဒ်စ်နဲ့ပွဲမှာ Martial လွဲခဲ့တဲ့အလုံးကို ခင်ဗျားတို့ပြန်ကြည့်လို့ရတယ်။ လွဲသွားတာနဲ့ ကျနော်ချက်ချင်းသူ့ကိုစိုက်ကြည့်လိုက်တယ်၊ ပြီးတော့ ပြုံးပြလိုက်တယ်။ ကျနော်ဘာပြောချင်မှန်းသူသိတယ်။ ဒါ ကောင်းတဲ့အချက်ပဲ”

“တစ်ခါတစ်လေ အသင်းဖော်တွေကိုခင်ဗျားအော်ပြောရမယ်၊ တစ်ခါတစ်ခါကျတော့လည်း ပုံစံမတူတဲ့ကိစ္စတွေကိုလုပ်အောင်သူတို့ကိုတိုက်တွန်းရတယ်။ ပွဲတစ်ပွဲရဲ့အရေးကြီးတဲ့အပိုင်းတွေမှာ ဒီလိုကိစ္စတွေလည်းပါတယ်။ တစ်ခါတစ်လေ ပြုံးပြသလို၊ တစ်ခါတစ်လေတော့လည်း တစ်ခြားတစ်ခုခုကိုလုပ်ပြရတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ကိုယ် အသင်းအတွက်အကောင်းဆုံးလုပ်နေတယ်ဆိုတာကို သူတို့နားလည်ဖို့ပါပဲ”

Leave a Comment

Your email address will not be published.