ဘရူနိုဖာနန်ဒက်ဟာဆွမ်ဟောင်မင်လောက့်အဆင့်မရှိဘူးကြောင်းနှိမ်လိုက်တဲ့ မော်ရင်ဟို

ပေါ်တူဂီကြယ်ပွင့်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးချိန်ကစလို့ လက်ရှိအချိန်အထိ သွင်းဂိုး ၂၇ ဂိုးရယူပေးထားနိုင်သူဖြစ်ပြီး ပယ်နယ်တီကနေ ၁၅ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဒီလိုမျိုး ပယ်နယ်တီသွင်းဂိုးမှတ်တမ်းကောင်းတွေရရှိနေတဲ့ တစ်နိုင်ငံတည်းသား အသင်းဟောင်းက ကစားသမားကို စပါးနည်းပြ မော်ရင်ဟိုက လှောင်ပြောင်လိုက်ပါတယ်။

မော်ရင်ဟိုရဲ့စပါးအသင်းဟာ စနေညက လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိတဲ့ပွဲအပြီး အဲဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ စပါးအတွက် သွင်းဂိုး ၁၀၀ ပြည့်သွားတဲ့
ဆွန်ဟောင်မင်ကို ချီးကျူးဂုဏ်ပြုရင်းဘရူနိုဖာနန်ဒက်စ်ကိုလှောင်ပြောင်စော်ကားပြောဆိုလိုက်တာဖြစ်ပါတယ်။

”ပင်နယ်တီသွင်းဂိုးတွေထည့်မတွက်ရင်ဆွန်ဟောင်မင်လည်းပရီးမီးယားလိဂ်ထိပ်တန်းသွင်းဂိုးရှင် ထိပ်ဆုံး ၃ဦးစာရင်း ဝင်လောက်ပါတယ်။

တချို့ကစားသမားတွေက တစ်ရာသီအတွင်း ပင်နယ်တီကနေ ၁၀ဂိုးလောက် သွင်းတတ်ကြပါတယ်။ဟယ်ရီကိန်းကိုပြောနေတာမဟုတ်ဘူးနော်။ ဆွန်အတွက် အရမ်းပျော်ရွှင်ရပါတယ်”လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိပရီးမီးယားသွင်းဂိုးအများဆုံးစာရင်းမှာဆွန်ဟောင်မင်က၁၂ဂိုး၊ဘရူနိုဖာနန်ဒက်စ်က ၁၁ ဂိုးရရှိထားပြီး ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေထဲမှာ ပယ်နယ်တီသွင်းဂိုးဟာ ၅ ဂိုးအထိ ရှိနေတာလဲဖြစ်ပါတယ်။

၂၀၂၀ဖေဖော်ဝါရီလကနေစလို့လက်ရှိအချိန်အထိပရီးမီးယားလိဂ်မှာပယ်နယ်တီသွင်းဂိုး၉ဂိုးအထိရရှိထားပြီးပယ်နယ်တီသွင်းဂိုးအများဆုံးကစားသမားဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ မှတ်တမ်းကို ပျက်ရယ်ပြုလိုက်တာလဲဖြစ်ပါတယ်။

တစ်နိုင်ငံတည်းသားဘရူနိုဖာနန်ဒက်စ်မန်ချက်စတာယူနိုက်တက်ကိုရောက်ရှိလာတဲ့အချိန်ကနေစလို့အခုလိုမော်ရင်ဟိုရဲ့ဝေဖန်တိုက်ခိုက်မှုဟာလေးကြိမ်အထိရှိခဲ့ပြီလဲဖြစ်ပါတယ်။

လက်ရှိစပါးနည်းပြမော်ရင်ဟိုဟာမန်ချက်စတာယူနိုက်အသင်းရဲ့နည်းပြအဖြစ်နဲ့၂၀၁၆ခုနှစ်မေလကနေ၂၀၁၈ခုနှစ်ဒီဇင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တာကြောင့်အခုလိုဝေဖန်တိုက်ခိုက်နေတာတွေကိုယူနိုက်တက်ရဲ့ပရိသတ်တွေကကန့်ကွက်ရှုတ်ချနေကြပါတယ်။NLA

Leave a Comment

Your email address will not be published.