မော်ရင်ဟိုရဲ့ ရှုံ့ချနှိုင်းယှဉ်ချက်ကို ဘရူနိုမှ ဖာနန်ဒက်ပရော်ဖက်ရှင်နယ်ပီသစွာ တုံ့ပြန်ပြီ…..

မန်ချက်စတာယူနိက်တက်နည်းပြဟောင်း လက်ရှိ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုက ဘရူနိုဖာနန်ဒက်အာ အသင်းရှိ တိုက်စစ်ကစားသမား ဆွမ်ယောင်မင် နှင့် နှိုင်းယှဉ်ကာ ရှုံ့ချခဲ့သည်…

ယင်းနှိုင်းယှဉ်ရှုံ့ချချက်အား ဘရူနိုဖာနန်ဒက်က ဟိုဆေး မော်ရင်ဟိုအား Metro News တွင် ပြန်လည် တုံ့ပြန်စကား ချေပပြောဆိုခဲ့ပါတယ်….

ဘရူနိုက ” ဒီနှိုင်းယှဉ်မှုမျိုးတွေအတွက် ကျနော်ဘက်ကနေ ဟိုဆေးမော်ရင်ဟို အား စိတ်ဆိုးခြင်းတစုံတရာမရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတာပါ….

ယခုလို ဖြစ်ရပ်တွေအတွက် ပရော်ဖက်ရှင်နယ်လိဂ်မှာ ကစားနေတဲ့ကျနော် က စိတ်ဆိုးဒေါသထွက်နေမှာမဟုတ်ပါဘူး….ကျနော်က မန်ချက်စတာယူနိက်တက်လို သမိုင်းအစဉ်လာရှိတဲ့အသင်းကြီးမှာကစားနေတဲ့သူလေ…ပရော်ဖက်ရှင်ပီသစွာ ပြောချင်ပါတယ်…

ဟိုဆေး မော်ရင်ဟို ရေ…… ကျနော်က မန်ချက်စတာယူနိက်တက်အတွက်ကစားနေတဲ့ကစားသမားပါ..ကျနော့်ဂုဏ်တက်ဖို့ထက် ယူနိက်တက်အောင်မြင်ဖို့က ပိုအရေးကြီးတာမို့ ကျနော်အနေနဲ့ အဲ့ဒီဆုကို မရလည်းစိတ်ပျက်နေမှာမဟုတ်ပါဘူး….

ယူနိုက်တက်အသင်း ထိပ်ဆုံးမှာရှိနေတယ်ဆိုရင် အဲ့ဒီအောင်မြင်မှုက ကျနော့်အတွက် အောင်မြင်မှုဘဲ….အဲ့ဒီဆုမရလို့လည်း ကျနော်ခြေစွမ်းကျဆင်းသွားမှာမဟုတ်ပါဘူး…ကျနော့်မှာ ပရိတ်သတ်တွေပေးတဲ့ ဆုတခုရှိပြီးသားမို့ ကျေနပ်နေပါပြီ….” ဟုပြောသွားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.