ယူနိက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့အပြောင်းအရွေ့သတင်းအခြေနေထွက်ပြီ

မန်ချက်စတာယူနိက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာ ရဲ့ အပြောင်းအရွေ့သတင်း အတွက် Metro သတင်းကနေထွက်လာခဲ့ပါပြီ……

ယင်းယူနိက်တက်ကစားသမား ပေါ့ဘာကို ရီးရဲမက်ဒရစ် နဲ့ ဂျူဗင်တပ်အသင်းတို့ကို လိုချင်နေပြီး အပြိုင်အဆိုင်လိုက်နေတယ်လို့ အင်္ဂလိပ်မီဒီယာတွေက စက်တင်ဘာလမှာ အပြိုင်အဆိုင်ရေးသားခဲ့ကြပါတယ်…

ယင်းကစားသမားကို Metro ကိုမေးမြန်းတဲ့အခါမှာသော နောက်ဆုံးအနေနဲ့ အေးဂျင့် ပြသနာ ဖြစ်ပြီး နောက်ပိုင်းမှာ ယူနိက်တက်အသင်းမှာပျော်ရွှင်နေတယ်ဆိုတဲ့အကြောင်းကို နောက်ဆုံးအနေနဲ့ ပြောထားခဲ့ပါတယ်..

ယခုလက်ရှိမှာတော့ အသင်းက နေထွက်ခွာခွင့်မရတဲ့အပြင် ပုံမှန်ပွဲထွက်ခွင့်ရနေပြီဖြစ်လို့ မည်သည့်အသင်းကိုမှ မပြောင်းနိုင်ဘူးဆိုတဲ့အကြောင်းကို မန်ချက်စတာယူနိက်တက်တာဝန်ရှိသူတဦးက ယခုလိုပြောထားခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက် တာဝန်ရှိသူက ” ပေါ့ က ကျနော်နဲ့ ဆက်ဆံရေး ကောင်းမွန်စွာရှိတဲ့ကစားသမားပါ….သူနဲ့ ကျနော်စကားမကြာခနပြောဖြစ်ပါတယ်..သူအသင်းမှာ ပွဲထွက်ခွင့် ရနေသူဖြစ်ပြီး နည်းပြကြီးဆိုးရှားလ်ကလည်း ထွက်မသွားစေချင်ပါဘူး….

ပြီးတော့ သူက အသင်းကို ဒီထက်ပိုပြီးကောင်းမွန်အောင် တည်ဆောက်ဖို့ သူဆန္ဒရှီနေသူပါ….သူအမြဲပြောတယ် ကျနော်တို့ဒီထက်ပိုကြိုးစားဖို့လိုတယ်….ဒီထက်ပိုအင်အားတောင့်တင်းနေမှ ပရီးမီးယားလိဂ်ကိုရနိင်မယ်ဆိုတာကို အမြဲပြောပါတယ်..ပေါ့ဘာဘယ်မှမသွားပါဘူး…” ဟု Metro News မှာပြောသွားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.