ဆန်ချိုကို ရောင်းချချင်လို့လေသံပြောင်းလာတဲ့ဒေါ့မွန်

ဂျာမန်ဘန်ဒက်လီဂါကလပ်အသင်း ဒေါ့မွန်အသင်းဟာယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ဘန်ဒက်လီဂါပွဲစဉ်မှာ မန်ယူအသင်းရဲ့ပစ်မှတ်ကစားသမားဖြစ်ခဲ့ဘူးတဲ့အဂ်လန်လက်ရွေးစင်ကွင်းလယ်ကစားသမားဆန်ချိုမူလခြေစွမ်းပြန်လည်ပြသပြီးအသင်းအတွက်အနိုင်ဂိုးသွင်းပြီးနောက်မှာ သူတို့အသင်းရဲ့ကြယ်ပွင့်ကစားသမားဟာ အသင်းပြောင်းရွှေ့ခွင့်ရဖို့မျှော်လင့်နေကြောင်းပြောသွားပြီးမန်ယူအသင်းကို စကားခင်းလိုက်ပါတယ်။

အဆိုပါဘန်ဒက်လီဂါဝုစ်ဘက်အသင်းနဲ့ပွဲစဉ်မှာဆန်ချိုဟာဒေါ့မွန်အသင်းအတွက် ပထမသွင်းဂိုးကို ဖန်တီးပေးခဲ့ပြီးအသင်းအတွက်ဒုတိယဂိုးကို ကိုယ်တိုင်သွင်းယူခဲ့ပြီးသူ့ရဲ့ခြေစွမ်းပျောက်ဆုံးမှုကို အဆုံးသတ်လိုက်တာပါ။

ဆန်ချိုရဲ့မူလခြေစွမ်းပြန်လာမှုနဲ့ပါတ်သတ်ပြီးပွဲအပြီးမှာ ဂျာမန်နာမည်ပြီးKickerမဂ္ဂဇင်းနဲ့ ဒေါ့မွန်အသင်းCEO ဟမ်းဂျိုချင်တို့အင်တာဗျူးမှာ ဟမ်း ကဆန်ချို့ဟာသူ့ရဲ့အပြောင်းအရွှေ့ကိစ္စအတွက်ပြင်ဆင်ထားပါပြီ။ပြီးခဲ့တဲ့ရာသီကသတင်းတွေကလည်းသူ့အတွက်စိတ်ရှုပ်ထွေးစရာတွေဖြစ်ခဲ့ရပါတယ်။

အခုသူအကောင်းဆုံးပြန်လာနိုင်ပါပြီ။ဒီလိုပွဲစဉ်ကောင်းတွေ ဖလားတွေသူ့အတွက်လိုအပ်နေပါတယ်။သူဟာအသင်းမှာရှိတဲ့အရည်အခြင်းအကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်မှာ သူ့အနာဂါတ်အတွက်သူဆုံးဖြတ်ပါလိမ့်မယ်ဟုပြောသွားခဲ့ပါတယ်။

ဆန်ချိုဟာပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ မန်ယူအသင်းကိုပြောင်းရွှေ့ဖိုံအလွန်နီးစပ်တဲ့အနေထားထိရောက်ရှိခဲ့ပြီးမှ ဒေါ့မွန်အသင်းရဲ့ပြောင်းရွှေ့ကြေးမတန်ဆ
တောင်းဆိုမှုကြောင့် အပြောင်းအရွှေ့ပျက်ခဲ့ရတာဖြစ်ပြီးအဆိုပါကိစ္စနောက်ပိုင်းမှာ ဆန်ချိုဟာဒေါ့မွန်အသင်းမှာပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိတော့ဘဲခြေစွမ်းပျောက်ဆုံးမှုတွေဖြစ်ခဲ့ရတာပါ။

ယခုချိန်မှာတော့မန်ယူအသင်းဟာလည်းကွင်းလယ်ညာတောင်ပံအားနည်းချက်ပြသနာကိုအသင်းလူငယ်ကစားသမားမေဆင်ဂရင်းဝုဒ်နဲ့အထိုက်လျှောက်ဖြေရှင်းနိုင်ခဲ့သလိုလူငယ်ပါရမီရှင်ကစားသမားလေးနှစ်ဦးဖြစ်တဲ့အာမက်ဒီယာလိုနဲ့ ပယ်လီစတာရီတို့ကိုလည်းခေါ်ယူနိုင်ခဲ့တာကြောင့်ဆန်ချိုကိုစိတ်ဝင်စားမှုလျှောကျသွားပြီး မတန်တဆတောင်းဆိုတဲ့ဒေါ့မွန်အသင်းနဲ့အရောင်းအဝယ်ပြုလုပ်ဖို့သိပ်မရှိတော့ပါဘူး။

ဒေါ့မွန်အသင်းနေနဲ့ကလည်းဆန်ချိုအတွက်သူတို့အသင်းအလိုရှိနေတဲ့ဈေးနှုန်းမျိုးကို ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေက လွဲပြီးကျန်အသင်းတွေပေးချေနိုင်တဲ့အခြေနေမျိုးမရှိတာကြောင့် အခုလိုစကားခင်းပြောဆိုမှုတွေပြုလုပ်ရခြင်းဖြစ်ပြီးကိုရိုနာဗိုင်းရပ်ကြောင့်စီးပွားကျဆင်းနေတဲ့ဥရောပအသင်းတွေမှာကစားသမားတစ်ဦးအတွက်ပေါင်သန်းရာချီအသုံးပြုဖို့ကိစ္စဟာအရင်လို လွယ်ကူခြင်းမရှိတော့ပါဘူး။

Leave a Comment

Your email address will not be published.