ဆိုးလ်ရှား စိတ်ထဲမကောင်းပေမယ့်လည်း ချစ်တုန်း မုန်းစကားပြောရတော့မယ့်သူခြောက်ဦး

ယခုရက်သတ္တပတ်အတွင်းမှာ မန်ယူနည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ အသင်းမှာ နေရာမရဖြစ်နေခဲ့ တဲ့ ကစားသမားခြောက်ဦးကို အငှားသော်လည်းကောင်း၊ အပြီးပြောင်းသော်လည်းကောင်း အသင်းကနေ ထွက် ခွာဖို့အရေးနဲ့ပတ်သက်ကာ ဆွေးနွေးပြောဆိုတော့မှာ ဖြစ်ပါတယ်တဲ့။

(၃၅)ဦးလူစာရင်းထဲက အတော်များများ ကို ဆိုးလ်ရှားက အသုံးပြုခဲ့ခြင်းမရှိဘဲ လာမယ့်ဘောလုံးရာအကုန်မှာ အင်အားသစ်ဖြည့်တင်းရေးအတွက် နေ ရာလွတ်တွေကို ကြိုတင်ဖန်တီးထားဖို့ ဆန္ဒပြင်းပျလျက်ရှိနေတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီဈေးကွက် နောက်ဆုံးနေ့မှာ အသင်းပြောင်းခွင့်လက်လွတ်ခဲ့ရသူ ဂိုးသမား ဆာဂျီယိုရိုမာယို၊ ဝက်စ်ဘရွန်းက ခေါ်ယူလိုနေတဲ့ ဒဏ်ရာတွေနဲ့ဝိုင်းနေခဲ့တဲ့ ဖီးလ်ဂျုံးစ်၊ နယူးကာဆယ်ဆီ ခြေ တစ်ဖက်လှမ်းချင်နေတဲ့ အာဂျင်တီးနားနောက်ခံလူ မားကို့စ်ရိုဂျို

နေရာမရ ဖြစ်နေခဲ့ပေမယ့် ပြောင်းရွှေ့ကြေး လေးတော့ နည်းနည်းပါးပါးရစေဖို့ မကြာသေးခင်ကမှ တစ်နှစ်စာချုပ်တိုးလိုက်တဲ့ ဂျက်ဆီလင်းဂတ်၊ လိဒ်စ်ယူ နိုက်တက်ကို (၆-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူ့အတွက် ပထမဆုံးပွဲချိန်မိနစ်(၉၀)အပြည့်ကစားခဲ့ရပြီး တစ်ဂိုး သွင်းပေးခဲ့သူ ဒန်နီရယ်ဂျိမ်းစ်၊

ဆောက်သမ်တန်၊ နယူးကာဆယ်နဲ့ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်တို့ က အလိုရှိနေတဲ့ ဘယ်နောက်ခံလူ ဘရန်ဒွန်ဝီလျံတို့တွေနဲ့ ဆိုးလ်ရှားက မဖြစ်မနေ ပြတ်သားရတော့မှာပါ။

အသင်းအင်အားဖြည့်တင်းမှုအနေနဲ့ ဆိုးလ်ရှားအတည်ပြုထားတာကတော့ အတ္တလန ္တာတောင်ပံကစား သမားလေး အမ်မက်ဒိုင်အော်လိုဟာ မန်ယူအသင်းကြီးဆီကို ဇန်နဝါရီလအတွင်းမှာပဲ ရောက်ရှိပူးပေါင်းအင် အားဖြည့်တော့မှာ ဖြစ်ကြောင်းပါ။

“ကျနော်တို့တွေက ရေရှည်အတွက် ကိစ္စကြီးကြီးမားမားတွေကို အမြဲတမ်းပဲ ဦးစားပေးလုပ်ဆောင်နေပါတယ်။ အသင်းအတွက် လိုအပ်တဲ့ ရေရှည်အသုံးပြုနိုင်မယ့် ပစ်မှတ်တွေ ရှိနေပါ တယ်”လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

Leave a Comment

Your email address will not be published.