နိုင်ပွဲများရဲ့နောက်ကွယ်မှာ မန်ယူLegends နှစ်ယောက်ဟာ ဆိုးရှားကိုဘယ်လိုကူညီနေလဲ

မန်ချက်စတာယူနိက်တက် ဟာ လက်ရှိတွင် နိုင်ပွဲများဆက်နေပြီး ရလဒ်ကောင်းများကို ဆက်တိုက်ရယူနေကာ ပရီးမီးယားလိဂ် ဇယားထိပ်တွင် ရပ်တည်နေပြီဖြစ်သည်….

ရာသီအစတွင် ရလဒ်များဆိုးရွားခဲ့သော်လည်း ယူနိက်တက် နည်းပြကြီးဆိုးရှားလ် စိတ်ရှက်လက်ရှည်နှင့် ဗျူဟာခင်းမှုများကြောင့် ယခုဆို ဇယားထိပ်တွင် ရပ်နိုင်ခဲ့ပါပြီ….

ယခုအခါမှာ Dialy Mail က အင်တာဗျူးတခုမှာ နည်းပြကြီးဆိုးရှားလ်က ယခုလို နိုင်ပွဲများရခြင်းရဲ့နောက်ကွယ်မှာ မန်ချက်စတာယူနိက်တက်ရဲ့ Legends ကြီးနှစ်ယောက်ကလည်း ပါဝင် အားဖြည့်ပေးထားတယ်ဆိုတာကိုထုတ်ပြောလာပါတယ်…

ဆိုးရှားလ် က ” ကျနော်တို့ လက်ရှိမှာ ဇယားထိပ်ဆုံးကရပ်နေနိုင်တာမဟုတ်သေးဘူး ….ဒုတိယနေရာမှာ ပါ အောင်မြင်မှုနဲ့ နိုင်ပွဲရလဒ်တွေက ဒီလောက်နဲ့ရပ်တန့်သွားမှာမဟုတ်ပါဘူး….

ကျနော်တို့ကို ကူညီပေးတဲ့ Legends ကြီးနှစ်ယောက်ရှိပါတယ်…သူတို့နှစ်ဦးကတော့ ရွိင်ကိန်း နဲ့ ရိုင်ယန်ဂစ်ပါဘဲ……သူတို့ဟာ မီဒီယာတွေမသိခင် တိတ်တဆိတ် အသင်းရဲ့ လေ့ကျင့်ရေးကွင်း က Meeting ခန်းထဲမှာ

သူတို့ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်လိုက်တယ် ယှဉ်ဆိုင်ခဲ့တယ် အစရှိတာတွေကိုလာပြောပေးပါတယ်….နောက်ပြီး အသင်းသားတွေအားတက်စေမယ့်စကားတွေ လေ့ကျင့်မှုတွေ ကို ပြသပေးပါတယ်..

မန်ချက်စတာယူနိက်တက်အသင်းကလည်း သူတို့ကို ဝယ်ယူထားခြင်းငှားထားခြင်းမရှိပါဘူး ကျနော်က အကူညီတောင်းလို့ ယူနိုက်တက်ကို ချစ်တဲ့စိတ်ကြောင့်လာကြတာပါ ” ဟု ပြောသွားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.