ပွဲပန်းနေတဲ့ ယူနိုက်တက်ကို ကိုဗစ်ကြောင့်ပွဲနားပီးကောင်းစားနေတဲ့ ဂွာဒီယိုလာ ခနဲ့

ယူနိုက်တက်ဟာ ခက်ခဲကြပ်တည်းတဲ့ ပွဲတွေဆက်တိုက်ကန်နေရတာ အားလုံးသိပြီးသားဖြစ်မှာပါ။

ယူနိုက်တက်မှာ မရှိမဖြစ်အရေးပါတဲ့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်ဆိုရင်လည်း ပြီးခဲ့တဲ့ပွဲမှာ ၅ မိနစ်သာ အနားရခဲ့တာပါ။
အခုလည်းမကြာခင်ဆို EFLလို့ခေါ်တဲ့ ကာရာဖောင်းကပ်ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေက စောင့်ကြိုနေပါတယ်။ အဲ့ဒီပွဲတွေပြီးတာနဲ့ FA ပွဲတွေဆက်ကစားရမှာလည်းဖြစ်ပါတယ်။

ဒီတော့ ဒီပြိုင်ပွဲမှာ ဆက်မရှိတော့တဲ့ အသင်းတွေ ဆီမှီးဖိုင်နယ်မှာဆက်မရှိတော့တဲ့အသင်းတွေက FA CUP ပွဲအတွက် ပြင်ဆင်ဖို့ရှိပေမယ့် ဆီမီးဖိုင်နယ်ကို ရောက်ထားတဲ့ ပရီမီးယားလိဂ် ၃သင်းနဲ့ ချန်ပီယံရှစ် ကလပ်တွေကတော့ EFLကို ကြားရက်မှာကန်ရမှာဖြစ်ပါတယ်။
အဂါနေ့မှာတော့ တော့တန်ဟော့စပါးနဲ့ ဘရန်းဖို့ကန်ရမှာဖြစ်ပြီးတော့ ဗုဒ္ဓဟူးနေ့မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ကန်ရမှာဖြစ်ပါတယ်။ တနည်းအားဖြင့် မန်ချက်စတာ ဒါဘီနဲ့ လန်ဒန်ဒါဘီတို့တွေ့ကြမှာပါ။

လက်ရှိအနေအထားအရ EFL CUPသမိုင်းကြောင်းလေးပြောပြချင်တယ်။
EFL CUPကိုတော့ ကျင်းပလာတာကြာပြီ။ ဒီပြိုင်ပွဲက တစ်ကယ့်ကို အရင်တုန်းက ဆီမီးဖိုင်နယ် အဆင့်ကို ၂ကျော့ကစားလေ့ရှိတယ်။ ဒိနှစ်ရာသီမှာတော့ ကိုဗစ်ကြောင့်နားရတာတွေ ရှိသလို တစ်ကျော့တည်းမှာ မိနစ် ၉၀ပြည့်ရင် ပယ်နတီအဆုံးအဖြတ်ကန်တာတို့ ရှိတယ်။

ခါတိုင်းလို နှစ်ကျော့ကန်တာထကိ တစ်ကျော့တည်းပဲကန်ဖို့ ဆုံဖြတ်ခဲ့တဲ့အတွက်ကြောင့် ဆီမီးဖိုင်နယ်ကို တက်တဲ့အခါမှာ စပါးက ဘရန်းဖို့ကို အိမ်ကွင်း မန်ချက်စတာယူနိုက်တက်က မန်စီတီးကို အိမ်ကွင်း ဒီနှစ်သင်းက အိမ်ကွင်းကျတယ်။ ဒီဖလားမှာ အအောင်မြင်ဆုံးအသင်းကတော့ လီဗာပူးပါ။ ဒုတိယနေရာက ရှိတဲ့အသင်းက ပက်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး ၇ကြိမ်ချန်ပီယံဖြစ်ခဲ့တယ်။

၂၀၁၇ ၁၈မှာ အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့နိုင်ခဲ့တယ်။ ၂၀၁၈ ၁၉မှာ ချယ်ဆီးလိကို ပယ်နတီ အဆုံးအဖြတ်နဲ့နိုင်ခဲ့တယ်?။ ပြီးခဲတဲ့ရာသီမှာတော့ ဗီလာကို နိုင်တယ်မန်စီးတီးဟာသူတို့နောက်ဆုံးတက်ထားတဲ့ အချိန်တိုင်းမှာ ၃ကြိမ်ဆက် ချန်ပီယံဖြစ်ထားသလို ၄နှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့ မျှော်လင့်လို့ရခဲ့တယ်။

အခုစိတ်ဝင်စားစရာကောင်းတာကတော့ မန်ချက်စတာဒါဘီဖြစ်ပြီးတော့ ပရိတ်သတ်တွေက ဗိုလ်လုပွဲအဖြစ်တောင်မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ ထပ်တွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ စီးတီးအသင်းက ယူနိုက်တက်နဲ့တွေ့ခဲ့တယ်။ နစ်ကျော့အနေနဲ့တွေ့ခဲ့တယ်။ ဆိုလ်းရှားရဲ့ အိမ်ကွင်းမှာ စီးတီးကနိုင်ပြီး စီးတီးရဲ့ အိမ်ကွင်းမှာ ဆိုလ်းရှားကပြန်နိုင်ခဲ့တယ်။ ဒါပေမယ့် နစ်ကျော့ပေါင်း ဂိုးရလာဒ်နဲ့ မန်ချက်စတာ စီးတီးဗိုလ်လုပွဲတက်ခဲ့တယ်။ ဗိုလ်လုပွဲမှာနိုင်ပြီး ၃နှစ်ဆက် ဂွာဒီယိုလာက ချန်ပီယံဖြစ်ခဲ့တယ်။

“ကျွန်တော်တို့ EFLမှာ မရှုံးတာကြာပါပြီ။ ယူနိုက်တက်က ခုအကောငိးဆုံးအနေအထားမှာဖြစ်ပေမယ့် သမိုင်းကိုမေ့လို့မရဘူးဗျ။ သူတို့ထက်ကျွန်တော်တို့က ပိုကံဆိုးတယ်ပြောရမယ်။ သူတို့ကပွဲပန်းတာ။ ကျွန်တော်တို့က ကစားသမားကောင်းတွေ ကိုဗစ်ဖြစ်တာလေ။ သူတို့ ရှုံးကြွေးပြန်ဆပ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”လိူ့ ဂွာဒီယိုလာကပြောခဲ့တာပါ။

ယူနိုက်တက်က အိမ်ကွင်းနောက်ဆုံး ၃ပွဲနိုင်ထားပြီး ယုံကြည်မှုရထားသလို မန်စီးတီးဟာချယ်ဆီးလ်ကို နိုင်လိုက်တဲ့အတွက် လူမစုံပေမယ့် ယုံကြည်မှုရှိနေတယ်။ဆိုတော့ ဆိုလ်းရှားနဲ့ ဂွာဒီယိုလာ အားပြိုငိမှုက ဘယ်လိုဖြစ်လာမလဲ

ယူနိုက်တက်က ရှက်ဖို့ မာရှယ် တို့ခြေစွမ်းပြနေသလို ဘရူနို ပေါ့ဘာတောင် ခြေစွမ်းပြန်ပြနေတာကိုတွေ့ရတယ်။ နောက်တန်းခံစာဟာလည်း ဘိုင်ယီကြောင့်ပိုတည်ငြိမ်သလို ဒီဂီယာကလည်း ပိုကောင်းလာတယ်။

ဒီတော့ ကိုဗစ်ကြောင့်ပွဲနားထားရတဲ့ မန်းစီးတီးဟာ ပွဲပန်းနေတဲ့ ယူနိုက်တက်ကို မနှစ်ကလို ထားခဲ့မလားဆိုတာ စိတ်ဝင်စားစရာကောာင်းပါတယ်။ မန်ဖန်တွေရဲ့အမြင်ကို ကွန်မန်းမှာရေးသွားပေးနော်

ဂျွန်ထက်

Leave a Comment

Your email address will not be published.