ရာသီကုန် ဒီဂီယာအသင်းမှထွက်မယ်ဆိုတာ ဘာကြောင့်လဲ Mirror တွင်ရှင်းပြီ…

မန်ချက်စတာယူနိက်တက်အသင်းသည် ဇန်နဝါရီအပြောင်းအရွေ့ တွင် နည်းပြကြီး ဆိုးရှားလ် နှင့် အမှုဆောင်ချုပ် အက်ဝုဒ် မှ ခံစစ်ကစားသမားများခေါ်ယူမည်ဆိုပြီး ပရိတ်သတ်များကို ကတိပေးခဲ့ပါတယ်..

မန်ချက်စတာယူနိက်တက်ဟာ တိုက်စစ်ပိုင်းနှင့် ကွင်းလယ် ရဲ့စွမ်းဆောင်မှုဟာတဖြည်းဖြည်းတိုးတက်လာပေမဲ့ ခံစစ်ပိုင်းကတော့ ပွဲတိုင်းပေဂိုးများစွာရှိနေဆဲဘဲဖြစ်ပါတယ်..

မန်ချက်စတာယူနိက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒီဂီယာကတော့ Mirror သတင်းနဲ့ သတင်းစာရှင်းလင်းပွဲမှာ ယခုလိုပြောကြားခဲ့ပါတယ်….

ဒီဂီယာက ” ယူနိက်တက်မှာ လက်ရှိကစားနေရတဲ့အခြေအနေ ကို ပြောရမယ်ဆိုရင် အကောင်းဆုံးအနေအထားတွေရှိနေပါတယ်…

အသင်းကတော့ လက်ရှိခံစစ် ကစားသမားကော နောက်ထပ်ကစားသမားကော မဝယ်တော့ဘူးလို့တော့ပြောနေပါပြီ….ဒီအခြေနေကို ကျနော်လက်မခံနိုင်ပါဘူး….

ဘာဖြစ်လို့လဲဆိုတော့ အသင်းရဲ့လက်ရှိခံစစ်ကစားသမားတွေက အမြင့်ဘောတွေ လာတဲ့အချိန်ကျသေချာမရှင်းထုတ်နိုင်တဲ့အတွက် ဂိုးတွေပေးရပြီး ကျနော့်အပေါ်ဖိအားတွေများလွန်းလာပါတယ်…

အဲ့ဒီအတွက် အသင်းရဲ့ခံစစ်ကစားသမားနေရာအပြောင်းအလဲ မရှိ ဘူးဆို ရင်တော့ ဒီရာသီကုန်မှာ ကျနော်အသင်းကနေထွက်ဖို့တောင်းဆိုပါမယ် ” ဟု Mirror မှာပြောသွားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.