EFL Cupဒါဘီပွဲတွင် ယူနိက်တက်ထပ်ပြီးကံမကောင်းနိုင်တဲ့အကြောင်း ကိုပြောလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာယူနိက်တက်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ EFL Cup ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားဖို့ရှိနေပါတယ်…

မန်ချက်စတာယူနိက်တက် လက်ရှိတွင်ခြေစွမ်းတက်လာပြီး အိမ်ကွင်း အဝေးကွင်းနှစ်ခုလုံး နိုင်ပွဲများဆက်တိုက်ရယူထားနိုင်ခဲ့ပြီး ယုံကြည်မှုရှိနေသောအသင်းအဖြစ်ရပ်တည်လာနေပါပြီ….

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မန်ချက်စတာယူနိက်တက်ဟာ လက်ရှိပွဲစဉ်များရဲ့ အနိုင်ရလဒ်ဟာ ကံကောင်းပြီးနိုင်နေတဲ့အကြောင်းကို ယခုလို ဝေဖန်ခဲ့ပါတယ်..

ဂွါဒီယိုလာက ” ကျနော်တို့တွေက ဒါဘီပွဲအတွက် အရမ်းကြီး စိတ်ပူနေမှာလည်းမဟုတ်ပါဘူး…ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့က ပုံမှန် ခြေစွမ်းရှိနေတဲ့ အသင်းတသင်းမို့ပါဘဲ….

ယူနိက်တက်ကတော့ ခြေစွမ်းမတည်ငြိမ်တဲ့အပြင် လက်ရှိနိုင်ပွဲရလဒ်များဟာလည်း ကစားသမားတွေစွမ်းဆောင်ရည်ကြောင့်မဟုတ်ဘဲ ကံကောင်းနေလို့နိင်နေတာဖြစ်ပါတယ်…

နည်းပြနဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်က ကျနော်တို့အသင်းအတွက် ဖိအားအများကြီးနဲ့စိတ်ပူစရာမရှိပါဘူး….ကျနော်တို့အလွယ်တကူ အနိုင်ယူပြီး ကျော်ဖြတ်သွားနိုင်မှာပါ….

အရင်က ဖာဂူဆန်လက်ထက်က အသင်းရဲ့စိတ်ဓာတ်နဲ့ပုံစံကောင်းတခုကို သူတို့မရောက်သေးတဲ့အတွက် ကြောက်ရွံ့နေမှာမဟုတ်ဘူး ” ဆိုပြီးပြောသွားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.