ဆန်ချိုခြေစွမ်းပျောက်ဆုံးရတာမန်ယူအသင်းကြောင့်လို့ဆိုပြီးအပြစ်တင်လိုက်တဲ့ဒေါ့မွန်အမှုဆောင်အရာရှိချုပ်

ဒေါ့မွန်အသင်း၏အမှုဆောင်အရာရှိချုပ်ဖြစ်သူဟမ်းယေ်ကင်ဝေါ့စကီးက အခုနှစ်ဘောလုံးရာသီမှာ အသင်း၏လူငယ်ကြယ်ပွင့်တောင်ပံကစားသမားဆန်ချိုရဲ့စွမ်းဆောင်ရည်တွေကျဆင်းနေခြင်းမှာ ပြီးခဲ့တဲ့နွေရာသီကမန်ယူအသင်းထံသို့မပြောင်းရွှေ့ဖြစ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဝန်ခံပြောကြားခဲ့သည်။

အင်္ဂလန်လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်သည့် ဆန်ချိုသည်မန်ယူအသင်းထဲပြောင်းရွှေ့ဖြစ်လိမ့်မည်ဟုသင်းများထွက်ပေါ်ခဲ့ပြီးအမှန်တကယ်အပြောင်းအရွှေ့မှာဖြစ်ပေါ်လာခြင်းမရှိခဲ့ပေ။

မန်ယူအသင်း၏အမှုဆောင်အရာရှိချုပ်အက်ဒ်ဝုဒ်ဝက်ဒ်ကဆန်ချုကိုခေါ်ယူလိုသော်လည်းကိုရိုနာဗိုင်းရပ်ကပ်ဆိုးကြောင့်ငွေကြေးအခက်အခဲများရှိနေသဖြင့်ဒေါ့မွန်အသင်းကတောင်းဆိုသည့်ပေါင်၁၀၈သန်းကိုပေးချေနိုင်ခြင်းမရှိဘဲအပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။

ယခုခါ ဝေါစကီးက သူမျှော်လင့်ထားတဲ့အပြောင်းအရွှေ့ဖြစ်မလာတဲ့တွက်စိတ်ပိုင်းဆိုင်ရာပြသနာနည်းငယ်ရှိခဲ့တယ်။အခုတော့သူ့ရဲ့စိတ်အခြေအနေကိုပြင်ဆင်နိုင်ခဲ့ပါပြီ။အကောင်းဆုံးစိတ်ဓါတ်ပိုင်းအခြေအနေမရှိတဲ့အတွက်ရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ စက္ကပိုင်းလောက်နောက်ကျတာသူ့ကိုခက်ခဲစေခဲ့တာပါ။

အခုပုံမှန်ပြန်ဖြစ်လာပါပြီနောက်ထပ်၂ဂိုး၃ဂိုးလောက်သွင်းနိုင်ရင်သူပုံမှန်ပြန်ဖြစ်ပါပြီဟုဝုလ်ဖ်ဘက်အသင်းဘက်သို့ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းအပေါ်ဝေါ့စကီးကပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.