ဖာဂူဆန် ပြောပြတဲ့ ရပ်ရှ်ဖို့ဒ် နဲ့ မာတာတို့ရဲ့ပရဟိတအကြောင်း

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကတော့ ယူနိုက်တက်အတွက် ဝဋ်ကြွေးကြီးသူလို့ ဆိုရမယ့် သူပါ။

သူဟာ ကိုဗစ်ကြောင့် ကွင်းထဲမှာ ပရိတ်သတ်တွေမရှိတာတောင် တစ်ယောက်တည်းယူနိုက်တက်ပွဲတိုင်းလိုလို လာအားပေးပြီးဆိုလ်းရှားကိုလည်း အကူအညီပေးနေတာပါ.ခု ဒီတစ်ခါလည်း နည်းပြကြီးက ရက်ဖို့နဲ့မာတာ တို့ရဲ့ ပရဟိတအကြောင်းပြောပြပြန်လာပြီ

” ရပ်ရှ်ဖို့ဒ်က အမြဲတမ်းလိုလို စိတ်ထားကောင်းရှိတဲ့ကစား သမားပါ။ ကျွန်တော်တို့အသင်းကို သူ့အသက် (9)နှစ်သား အရွယ်ကတည်းက ရောက်ရှိလာခဲ့တယ်။ လူတစ်ယောက်ရဲ့ပြုမှုပုံ၊ အလေ့အထ၊ သူတို့နည်းသူတို့ဟန် နဲ့ အရာရာတိုင်းကို ပြောင်းလဲအောင်လုပ်နိုင်တာက ရပ်ရှ် ဖို့ဒ်ကြောင့်ပဲ ဖြစ်တယ်။ ရပ်ရှ်ဖို့ဒ်ဆီမှာ စောနကပြောခဲ့ တဲ့ အရည်အသွေးရှိပါတယ်။

ရပ်ရှ်ဖို့ဒ်က တစ်နေ့လုပ်တစ်နေ့စား မိသားစုကနေဆင်း သက်လာတဲ့သူပါ။ ဒါကြောင့် သူ့အနေနဲ့လုပ်သင့်တဲ့အရာ၊ လုပ်ရမယ့်အရာတွေကို ကောင်းကောင်းသိပါ တယ်။ ကျွန်တော် စာသင်ကျောင်းဆီရောက်ခဲ့တုန်းက ခင်ဗျာဟာ အစားအသောက်တွေဆိုရင် အခမဲ့စားသုံးခွင့် တွေကိုရရှိပါမယ်။ ဒါနဲ့ ရပ်ရှ်ဖို့ဒ်က အခြေ ခံလူတန်းစာ တွေအနေနဲ့လိုအပ်တဲ့အရာတွေကို ကောင်းကောင်းသိပါတယ်။

ယူနိုက်တက်မှာ ကစားပြီး ရရှိတဲ့လစာငွေကိုရာခိုင်နှုန်းနဲ့ လှူဒန်းပြီး ပရဟိတအဖွဲ့အစည်းတည်ထောင်ထားတဲ့ မာတာရဲ့အကြောင်းကို ကျွန်တော်သိပါတယ်။ ဒါနဲ့ ရပ်ရှ်ဖို့ဒ် လုပ်ထားတဲ့အရာတွေကို ခင်ဗျာကြည့်လိုက်ပါ။

ဘောလုံးသမားများတွေလို ရတဲ့လစာငွေတွေကိုကား အကောင်းစားဝယ်မစီးဘူး။ ကြီးမားတဲ့နှလုံးသားနဲ့အတူ လှူဒန်းမှုလုပ်မယ့် ဘောလုံးသမားတစ်ဦးလည်းဖြစ်ပါ တယ်။ ဘောလုံးသမားဖြစ်နေတာတောင် သူ့ဘဝက အချည်းနှီး ဖြစ်မသွားဘူး။ “

Leave a Comment

Your email address will not be published.