ဘရူနိုဖာနန်ဒက်အား အသင်းရဲ့ခေါင်းဆောင်ခန့်ဖို့ ဆိုးရှားလ်အား ယူနိက်တက်ဂန္တဝင်တွေပြောပြီ

မန်ချက်စတာယူနိက်တက်မှာ အသင်းခေါင်းဆောင် ပိုင်းနဲ့ ပတ်သက်လို့ အစဉ်အလာကြီးမားခဲ့တဲ့ လူတွေက အသင်းကို ထိမ်းကျောင်းမောင်းနှင်ခဲ့ကြတယ်ဆိုတာကိုတော့ ဘောလုံးချစ်ပရိတ်သတ်များသိပြီးသားဖြစ်ပါမယ်…

ဘရူနိုဖာနန်ဒက်စ်ဆိုတာက အသင်းမှာ ကွင်းလယ်မောင်းနှင်အား နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စုဖွဲ့မှုပိုင်း တချို့ကို ချိန်ညှိပေးနေတဲ့ ကစားသမားတယောက်လို့ပြောလို့ရနေပါပြီ….ဘရူနိဖာနန်ဒက်ဟာ နိုင်လိုစိတ်ပြင်းပြမှု အားစိုက်ထုတ်မှုစတဲ့အရည်အသွေးတွေက သူ့ကို ခေါင်းဆောင်နဲ့ရာထူးနဲ့ထိုက်တန်တဲ့နေရာကို ဆွဲခေါ်သွားနေပါပြီ….

ယခုဆိုရင် ရာသီဝက်နီးပါး ပွဲတော်တော်များများ ကစားပြီးတဲ့အခါမှာ လက်ရှိအသင်းခေါင်းဆောင် မက်ကွိင်းယားပေါ် အားမလို အားမရဖြစ်နေတဲ့သူတွေထဲမှာ ယူနိက်တက်ဂန္တဝင်တချို့လည်းပါပါတယ်…ယူနိက်တက် ဂန္တဝင်တွေဖြစ်တဲ့ ဖာဒီနန် ၊ ပေါစခိုးလ် ၊ ဂယ်ရီနဗီးလ် တို့က ဆိုးရှားအား ယခုလိုတိုက်တွန်းခဲ့ကြပါတယ်…

ဖာဒီနန် က ” အိုလေ ရေ အသင်းကို ထိမ်းကျောင်းလာတဲ့ မင်းအပေါ်မှာ ငါသံသယမရှိပေမဲ့ လက်ရှိကျောနံပါတ် ( ၅ ) ကို ဝတ်ဆင်ကစားနေတဲ့ မက်ကွိင်းယားကိုတော့ ငါစိုးရိမ်တယ်….သူ့ရဲ့ခေါင်းဆောင်မှုစွမ်းဆောင်ရည်ထက် ဘရူနိဖာနန်ဒက် က ပိုထိုက်တန်တယ်လို့ငါမြင်တယ်…အဲ့ဒီတော့ အခွင့်ရေးပေးလိုက်ပါ…” ဟု ပြောသွားခဲ့ပါတယ်…

ပေါစခိုးလ် က ” ကျနော်တို့ လို ကွင်းလယ်ကစားသမားတွေအနေနဲ့ကတော့ ယူနိက်တက်မှာ အသင်းခေါင်းဆောင်လက်ပတ်ရဖို့ အရမ်းခက်ခဲပါတယ်…ဒါပေမဲ့ ဘရူနိုဖာနန်ဒက်မှာတော့ အဲ့ဒီအခွင့်အရေးရဖို့ မခက်ခဲပါဘူး…အိုလေ အနေနဲ့အခွင့်အရေးတကြိမ်ထပ်ပေးသင့်ပါတယ်..” ဟုပြောသွားခဲ့ပါတယ်..

ဂယ်ရီနဗီးလ်က ” အသင်းခေါင်းဆောင်ရာထူးက မက်ကွိင်းယားနဲ့ မထိုက်တန်ဘူးဆိုတာ ဖြတ်သန်းခဲ့တဲ့ပွဲတွေ ပေးလိုက်ရတဲ့ဂိုးတချို့ကို ကြည့်ပါ ….ထောင့်ကန်ဘောတေါ လူမကပ်ခိုင်းဘူး သူကိုယ်တိုင်ကလည်း အေးတိအေးစက်နဲ့ ဆိုတော့ တက်တက်ကြွကြွ နဲ့ ကစားနေတဲ့ ဘရူနိုဖာနန်ဒက် က လက်ပတ်နဲ့ ပိုထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်…” ဟု မှတ်ချက်ပေးခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.