မန်ယူကျိန်းသေခေါ်သင့်တဲ့ ပေါ့ဘာထက်ပိုကောင်းတဲ့ ကစားသမားကို ဖာဒီနန်ထုတ်ပြော

မန်ချက်စတာယူနိုက်တက်အနေနဲ့ ကစားသမားအသစ် ခေါ်ယူမယ်ဆိုရင် လက်မနှေးပဲ မြန်မြန်ဆန်ဆန် ခေါ်ယူသင့်တဲ့ ကစားသမားတစ်ယောက်ကို ရီယို ဖာဒီနန်က ထုတ်ပြောလာပါတယ်။

“Pogbaအသင်းမှာဆက်ရှိနေမလား ထွက်သွားမလားဆိုတာကို ကျွန်တော်ဂရုစိုက်မနေပါဘူး Grealishက ကျွန်တော့်ရဲ့အကြိုက်ဆုံးကစားသမားပါပဲ။

သူဆယ်ကျော်သက်အရွယ်လေးကတည်းက သူ့ကိုကျွန်တော်သိနေတာပါ။ကျွန်တော့်စားသောက်ဆိုင်ကို သူရောက်လာပြီး ကစားပွဲရဲ့လက်မှတ်တွေကို သူနဲ့သူ့အဖေစီကနေ ကျွန်တော်ရခဲ့ဖူးပါတယ်။

သူက ကောင်းမွန်တဲ့မိသားစုကဆင်းသက်လာတဲ့ ကစားသမားတစ်ယောက်ပါပဲ။ဘောလုံးကစားရတာကိုသူချစ်မြတ်နိုးပြီး နိုင်ပွဲဆာလောင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ပြီးတော့ အရမ်းလည်းကြိုးစားတဲ့သူတစ်ယောက်။သူက သူ့ရဲ့အစားအသောက်နဲ့လေ့ကျင့်မှုပုံစံတွေကို သူကိုယ်တိုင်ပြောင်းလဲခဲ့ပြီး ဒီ့ထက်ပိုကောင်းလာအောင်လုပ်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ပါပဲ။

သူ့ရဲ့လုံ့လဝီရိယနဲ့ကြိုးစားအားထုတ်မှုတွေကို လူတွေ အများကြီးပြောနေကြတာကို ကျွန်တော်ကြားဖူးပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူ့ရဲ့ရလာဒ်တွေကို ပွဲတိုင်းမှာခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်။

တကယ်လို့ ကျွန်တော်သာ အဂ်လန်နိင်ငံရဲ့ ထိပ်တန်းအသင်း(၃)သင်း ဒါမှမဟုတ် (၄)သင်းထဲက မန်နေဂျာတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူ့ကို Aston Villaမှာမနေခိုင်းတော့ဘူး သူ့ကိုကျွန်တော့်အသင်းဆီရောက်လာအောင်ခေါ်ဆောင်သွားမှာပါ။’

ဂရေးလစ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ ပွဲမှာ အထူးခြေစွမ်းပြခဲ့ပြီးတော့ ဆိုလ်းရှားနဲ့သူ ပွဲအပြီး စကားပြောနေတဲ့ ပုံတွေတက်လာပြီးနောက် ယူနိုက်တက်ကခေါ်ယူဖို့ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.