မန်ယူကွင်းလယ်ကစားသမားတစ်ဦးကိုခေါ်ယူဖို့ကြံလာပြန်တဲ့အင်တာမီလန်

အင်တာီလန်အသင်းဟာ မန်ယူအသင်းမှကစားသမားဟောင်းအမြောက်အများကိုခေါ်ယူထားပြီးယခုလည်းမန်ယူအသင်းမှအခြားကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူနိုင်ဖို့ပစ်မှတ်ထားေနေကြောင်း အီတလီမှ လာသောသတင်းများအရသိရပါတယ်။

အဆိုပါကစားသမားကတော့ မန်ယူအသင်းမှ ဆားဘီးယားဝါရင့်ကွင်းလယ်ကစားသမား မာတစ်ဖြစ်ကြောင်သိရပါတယ်။အသက်၃၂နှစ်အရွယ်ကစားသမားဟာ မန်ယူအသင်းနဲ့ပြီးခဲ့ဲတဲ့ရာသီကုန်က စာချုပ်သက်တမ်းတိုးထားပေမယ့် မန်ယူအသင်းရဲ့စည်းမျဉ်းအရအသက်၃၀ကျော်ကစားသမားတွေကို တစ်နှစ်ခြင်းသာ သက်တမ်းတိုးတာကြောင့် လက်ရှိစာချုပ်ဟာ ၂၀၂၂နွေရာသီမှာကုန်ဆုံးမှာဖြစ်ပါတယ်။

မာတစ်ဟာ မန်ယူအသင်းကွင်းလယ်မှာလက်ရှိခြေစွမ်းပြသနိုင်ဆဲကစားသာမားဖြစ်ပြီးခုဘောလုံးရာသီမှာ မန်ယူအသင်းတွက်၁၅ပွဲကစားခွင့်ရရှိထားတဲ့ကစားသမားတစ်ဦးဖြစ်သလိုနည်းပြကဆိုးရှားကိုယ်တိုင်ကလည်းအသင်းကအတွေ့အကြုံရင့်ကွင်းလယ်ကစားသမားကို လက်လွှတ်လိုခြင်းမရှိပါဘူး။

အင်တာမီလန်အသင်းကတော့ အသင်းမှာရောက်ရှိနေတဲ့ မန်ယူကစားသမားဟောင်းတွေရဲ့အကူအညီကို ယူပြီးမာတစ်ကို အီတလီကိုပြောင်းရွှေ့လာဖို့စည်းရုံးနေကြောင်း သိရပါတယ်။အင်တာမီလန်အသင်းမှာ မန်ယူကစားသမားဟောင်းလေးဦးထိရှိနေပြီးအဆိုပါကစားသမားလေးဦးလုံးဟာလည်းခြေစွမ်းပြသလျှက်ရှိတာကြောင့် နည်းပြကွန်တီကလည်း မန်ယူကစားသမားနောက်တစ်ဦးကို သူ့အသင်းထံခေါ်ဆောင်ချင်နေတာပါ။

မန်ယူအသင်းနဲ့စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတဲ့မာတစ်ရဲ့ဆုံးဖြတ်ချက်ကသာအဆိုပါအပြောင်းအရွှေ့ပေါ်အဓိကအရေးပါနေပြီးကစားသမားကိုယ်တိုင်ကတော့ မန်ယူအသင်းမှာလူငယ်ကစားသမားတွေနဲ့လက်တွဲပြီးကစားနေရတာကိုပျော်ရွှင်နေတယ်လို့မာတစ်နဲ့နီးစပ်သူတွေကဆိုပါတယ်။

မာတစ်ဟာ၂၀၁၇ခုနှစ်ကနည်းပြဟောင်းမော်ရင်ဟိုကချဲယ်ဆီးအသင်းထံမှပေါင်သန်း၄၀ဖြင့်ခေါ်ယူခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီးနည်းပြဆိုးရှားစတင်တာဝန်ယူချိန်မှာ အသင်းမှာနေရာခေတ္တပျောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပုံမှန်ခြေစွမ်းပြန်လည်ပြသနိုင်ကာ မန်ယူသင်းရဲ့အရေးကြီးတဲ့ကစားသမားတစ်ဦးအဖြစ်ပြန်လည်နေရာရရှိခဲ့သူပါ။

မာတစ်ဟာမန်ယူအသင်းမှာစုစုပေါင်းပွဲထွက်ကစားခွင့်၁၃၆ပွဲအထိရရှိထားပြီးလေးဂိုးသွင်းယူကာဂိုးဖန်တီးမှု၆ကြိမ်ရရှိထားပါတယ်။ဆားဗီးယားလက်ရွေးစင်အသင်းအတွက်စုစုစုပေါင်း၄၈ပွဲပွဲထွက်ကစားထားကာသွင်းဂိုးနှစ်ဂိုးရရှိထားတဲ့ခံစစ်အားသန်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.