ကံကောင်းလို့ ဆိုလ်းရှားနိုင်လာရင်တောင် အသဲခွဲဖို့ ဗိုလ်လုပွဲက စောင့်နေပြီဆိုပြီးခနဲ့လိုက်ပြန်တဲ့ မော်ရင်ညို

၂၀၂၀ ၂၀၂၁ ရာသီ အင်ဂလန် ပြည်တွင်းက ဒိနှစ်ရာသီရဲ့ ပထမဆုံး ဆုဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်လ် အဆင့်ပွဲစဉ်မှာတော့ တော့တမ်ဟော့စပါးနဲ့ လန်ဒန်ကပဲ ဘရန့်ဖိုးတို့ လန်ဒန် ဒါဘီပွဲကို စပါးကသူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ တော့တမ်ဟော့စပါးကွင်းမှာ ဆော့ကစားပြီးတဲ့နောက်မှာတော့ ဗိုလ်လုပွဲနေရာကိုရောက်သွားခဲ့ပြီဖြစ်ပါတယ်။

တစ်ကျော့တည်းကစားခဲ့ရတဲ့ အဲ့ဒီပွဲမှာ ဘရန်းဖို့ဒ်ကို စပါးက ၂ဂိုး ဇီးရိုးနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

၂၀၀၈ခုနှစ်မှာ နောက်ဆုံး ဆုဖလား ရခဲ့တဲ့နောက်ပိုင်း ၂၀၁၅ခုနှစ်မှာ နောက်ဆုံးမေဂျာဖိုင်နယ်ကို တက်ခဲ့တဲ့အချိန် နောက်ပိုင်း သူတို့အတွက် ဆုဖလားကို ရယူဖို့ပြင်ဆင်ထားတယ်။ စပါးဟာ ဒါဘီနဲ့ပွဲမှာ လူစုံထုတ်သုံးခဲ့ပြီးတော့ မော်ရင်ညိုက စပါးကို ရောက်လာစဉ်က သူပေးထားတဲ့ကတိကို အကောင်အထည်ဖော်ဖို့ လုပ်ခဲ့တာကိုတွေ့ရတယ်။

သူစပါးကိုရလာတာက ဆုဖလားတွေ ရယူပေးဖို့ ရောက်လာတာဆိုတဲ့ သူ့ကတိစကားလို လုပ်နိုင်မလားဆိုတာလည်းစောင့်ကြည့်ရမှာဖြစ်တယ်။

ပရီမီးယားလိဂ်ဖလားက ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် လိဒ်ဖလား FAဖလားတွေတော့ ရယူပေးဖို့ သူက ပစ်မှတ်ထားနေပုံရတယ်။ မော်ရင်ညိုက အသင်းအသစ်ရောက်လာတဲ့အခါတိုင်း သူပထမဆုံးရယူပေးတဲ့ဖလားက လိဒ်ဖလားပါ။

ရှေ့မှာလည်း ၂ကြိမ်တိုင်တိုင် စွမ်းဆောင်ခဲ့ပေးပြီးပြီ။မန်ချက်စတာယူနိုက်တက်ကိုရောက်တဲ့ပထမဆုံးရာသီမှာလည်း သူဖလားရအောင်စွမ်းဆောင်ခဲ့ပေးပြီးပြီ။ အခုလည်း စပါးမှာ သူ့ရဲ့ပထမဆုံးရာသီမှာ ဗိုလ်လုပွဲကစောင့်နေပြီ။

ဒိလိုစပါးအသင်းက ဗိုလ်လုပွဲရောက်ရှိသွားတယ်ဆိုရင်ပဲ မကြာခနဆိုသလို ဆိုလ်းရှားနဲ့ ယူနိုက်တက်ကို ခနဲ့ပြောပြောလေ့ရှိတတ်တဲ့ မော်ရင်ညိုက သူတို့အသင်းဗိုလ်လုပွဲတက်ပြီးပြီးချင်းမှာ ယူနိုက်တက်နဲ့ပက်သက်ပြီး စကားလက်ဆောင်ပေးလိုက်ပြန်ပါတယ်။

။ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲလေ။ ဗိုလ်လုပွဲက စောင့်နေပါပြီ.။ အိုလေလား ပက်လားဆိုတာတော့ အခြေအနေကိုသဘောပေါက်ဖို့လိုပါတယ်။ နည်းပြသက်တမ်းနုတဲ့အသင်းတက်လာရင်တော့ စပါးအတွက်ပိုလွယ်မှာပါ။ အင်းပြောရမယ်ဆိုရင်တော့ ယူနိုက်တက်ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်”လို့ မော်ရင်ညိုက ဆိုခဲ့တာပါ။

မာ်ရင်ညိုကဆက်လက်ပြီး” ခုနောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်က ခြေစွမ်းပိုင်းတည်ငြိမ်လာပြီး ယုံကြည်မှုအပြည့်ရှိတယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်၊ ဒါပေမယ့် ဘယ်သူပဲတက်လာလာ စပါးက တက်လာမယ့်အသင်းကို အသဲလှလှပပခွဲဖို့ အာမခံပါတယ်”လို့ မော်ရင်ညိုကဆက်လက်ပြောကြားခဲ့ပါသေးတယ်။

စပါးဟာ သူတို့ရဲ့နောက်ဆုံးဗိုလ်လုပွဲတက်ခဲ့တာဟာ ၂၀၁၅ဘောလုံးရာသီမှာပါ။ အဲ့ဒီတုန်းက ပိုချက်တီနို နည်းပြဖြစ်ခဲ့ပြီးတော့ ချယ်ဆီးလ်ကို ၂ဂိုးဇီးရိုးနဲ့ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီတော့ စပါးအနေနဲ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ နည်းပြနဲ့ ဗိုလ်လုပွဲပြန်တက်လာဖို့ဆိုတာ မယုံကြည်နိုင်စရာပါပဲ။

လက်ရှိမှာစပါးအသင်းအတွက် ဂိုးရနိုင်ဖို့ဆိုတာ ဆွန်ဟောင်မင်ကို အဓိကမှီခိုနေတာဖြစ်တဲ့အတွက် စပါးအသင်းဂိုးရနိုင်ဖို့ဆိုတာ လိုအပ်ချက်တွေရှိသေးတဲ့ အနေအထားလို့ဆိုလို့ရပါတယ်။၊

ဒီတော့ ဗိုလ်လုပွဲမှာ ယူနိုက်တက်ပဲတက်တက် မန်စီတီးပဲတက်တက် စပါးအနေနဲ့ ခက်ခက်ခဲခဲကစားရမှာဖြစ်ပါတယ်။ သေချာတာတော့ မော်ရင်ညိုက ခံစစ်ကို ဦးစားပေးကစားဖို့ဖြစ်နိုင်ပါတယ်။

ဒီတော့ ဖလားယူမယ်ကြုံးဝါးနေတဲ့ မော်ရင်ညိုအနေနဲ့ စံပါးအတွက် ဖလားကိုယူပေးနိုင်မလားဆိုတာကလည်း မေးခွန်းတွေနဲ့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ မော်ရင်ညိုက ချဲဆီးလ့်နဲ့ ၂ကြိမ် မန်ချက်စတာယူနိုက်တက်နဲ့ ၁ကြိမ်ရဖူးထားတဲ့ ဖလားကို စပါးအတွက် ၄ကြိမ်မြောက်ဖလားအဖြစ် ယူပေးနိုင်မလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။

ဘာလို့လဲဆိုတော့ ဆိုလ်းရှားရဲ့ သရဲနီတပ်သားတွေဟာ ခုနောက်ပိုင်းကန်တဲ့ ပွဲတွေမှာ ခြေစွမ်းပိုင်းရော စိတ်ဓါတိပိုင်းဆိုင်ရာမှာ အကောင်းဆုံး အနေအထားကိုရောက်ရှိနေပြီး နည်းပြဆိုလ်းရှားရဲ့ ဗျုဟာ နဲ့ အလယ်တန်းကွင်းလယ်လူ ဘရူနိ ပေါ့ဘာတို့ရဲ့ပိုပြီးကောင်းမွန်လာတဲ့ခြေစွမ်း တိုက်စစ်ပိုင်းမှာ ဂိုးတွေပြန်သွင်းလာတဲ့ မာရှယ်

အဆုံးသတ်သေချာတဲ့ ရက်ဖို့ နောက်တန်းက တံတိုင်းကြီးဖြစ်တဲ့ဘိုင်လီ မက်ဂွိုင်းယားတို့နောက်တန်းတွေကလည်း တော်တော်ကောင်းမွန်လာတဲ့ အတွက် ဗိုလ်လုပွဲမှာစောင့်နေတဲ့ မော်ရင်ညိုရဲ့ စပါးအသင်းကို လှလှပပ အသဲခွဲဖို့ အားအင်ပြည့်ဝနေတဲ့ ယူနိက်တက်ကလည်းဆာလောင်နေလောက်ပါပြီ။

ဒီတော့ မော်ရင်ညိုကိုရင်ဆိုင်ဖို့ မန်ချက်စတာဒါဘီပွဲမှာ ၃နှစ်ဆက်ဖလားရထားတဲ့ ပက်ဂွာဒီယိုလာ လား ဆိုလ်းရှားရဲ့ ယူနိုက်တက်လား ဆိုတာတော့ မကြာခင်မှာအဖြေပေါ်တော့မှာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေရဲ့ အမြင်ကရောဘယ်လိုရှိပါသလဲ?

Leave a Comment

Your email address will not be published.