ဒါဘီ ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် မန်ဖန်တွေ မဖြစ်မနေ သိထားသင့်တဲ့အချက် ၆ ချက်

ဒီတစ်ခါတော့ ယူနိုက်တက် – မန်စီးတီး Carabao Cup ဆီမီး ဖိုင်နယ်ပွဲစဉ်မတိုင်ခင် သိထားသင့်တဲ့အချက်အလက်တွေကို ယူနိုက်တက်ပရိတ်တ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။ မန်စီးတီးဟာ ကိုဗစ်ကြောင့်လူပြဿနာတွေရှိနေသလို ယူနိုက်တက်ကလည်းပွဲပန်းထားတယ်လို့ဆိုရမှာဖြစ်တဲ့အတွက် ဒီ ၂သင်းတွေ့ဆုံမှုက အကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။ ဒီတော့ ဘယ်အချက်တွေကိုသိထားသင့်လဲဆိုတာအောက်မှာဖတ်ကြည့်ရအောင်.

ယခု ယူနိုက်တက် နှင့် မန်စီးတီးတို့ လိဂ်ဖလား(Carabao Cup)တွေ့ဆုံမှုသည် (4) ကြိမ်မြောက်ဖြစ်ပြီး (1969-70) ၊(2009-10)၊ (2019-20) ၊(2020-21) အစရှိသည့် ဘောလုံးရာသီတို့တွင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယူနိုက်တက်အသင်းသည် မနှစ်ဘောလုံးရာသီတုန်းက မန်စီးတီးအသင်းနှင့် Carabao Cup ဆီမီးဖိုင်နယ်ပွဲစဉ် တွင် တွေ့ဆုံခဲ့ပြီး ပကျော့ရလဒ်တွင် (1-3)ရလဒ်ဖြင့်ရှုံး၍ ဒုကျော့တွင် (0-1) ဖြင့်အနိုင်ရပေမယ့် စုစုပေါင်း (3-2) ဂိုးရလဒ်ကွားခြားချက်ဖြင့် ယူနိုက်တက်တို့ပြိုင်ပွဲ မှထွက်ခဲ့ရသည်။

သို့သော် ကိုဗစ်-19 ရောဂါပိုးကြောင့်ယခုနှစ် Carabao Cup ဆီမီးဖိုင်နယ်ပွဲစဉ်ကို တစ်ကျော့သာယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လူစားလှယ်မှုကို လည်း (5)ဦးအထိခွင့်ပြုမည်ဖြစ်သည်။ ထို့ကြောင့် ယူနိုက်တက်အနေဖြင့် မနှစ်တုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်မည်လားဆိုတာ စိတ်လှုပ်ရှားဖွယ်ပင်ဖြစ်သည်။

ယူနိုက်တက်အသင်းသည် မန်စီးတီးအသင်းနှင့်နောက်ဆုံးကစားခဲ့သည့်ပြိုင်ပွဲစုံ(3)ပွဲတွင် (2)ပွဲနိုင်ပြီး (1)ပွဲသရေကျခဲ့သည်။အကယ်လို့ အခုကစားမည့် ပွဲစဉ် တွင်ရှုံးပွဲ မကြုံပါက (2011)ခုနှစ်ဖေဖော်ဝါရီလ နောက်ပိုင်း မန်စီးတီး အသင်းနှင့်ကစားခဲ့သည့် ပြိုင်ပွဲစုံ (4)ပွဲဆက် ရှုံးပွဲမရှိသည့်စံချိန်ကို တင်ရှိမည်ဖြစ်သည်။

နောက်ဆုံး ကစားခဲ့သည့်မန်ချက်စတာဒါဘီပွဲစဉ် (14) ပွဲတွင် အိမ်ရှင်အသင်းက (3)ပွဲနိုင်ပြီး (3)ပွဲသရေကျ ကာ ဧည့်သည်အသင်းက (8)ပွဲအထိအနိုင်ရခဲ့သည်။

ယခုနှစ် Carabao Cup ပြိုင်ပွဲတွင် ယူနိုက်တက်တို့ သွင်းယူခဲ့သည့်သွင်းဂိုး(8)ဂိုးထဲမှ (7)ဂိုးသည် မတူညီသည့် ကစားသမားများက သွင်းယူခဲ့သည်။ (မာတာ -2 ဂိုး၊ ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ပေါ့ဘာ၊ တိုမီနေး၊မာစီယဲလ် တို့တွေက တစ်ဂိုးစီ) ယင်းသို့သော် Carabao Cup ပြိုင်ပွဲ၌သွင်းဂိုးများတွင်မတူညီသည့် ကစားသမား(7)ဦး အထိဂိုးသွင်းယူနိုင်မှုမှာ (2016/17)ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။

မန်စီးတီးအသင်းသည် ဂွာဒီယိုလာလက်ထက် Carabao Cup တွင်ကစားခဲ့သည့် (23) ပွဲတွင် (2)ပွဲသာ ရှုံးခဲ့ဖူးပြီး ယင်း(2)ပွဲကို ယူနိုက်တက်အသင်းဖြင့်သာရှုံး ခဲ့သည်။ (2016 ခုနှစ် နှင့် 2020)။

ဆိုလ်းရှား၏ ယူနိုက်တက်တို့ ဒီတစ်ခါရော ပက်ဂွာဒီယိုလာ၏ မန်စီးတီးကို အနိုင်ယူနိုင်ဦးမည်လားဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။

Leave a Comment

Your email address will not be published.