ဗန်ဒါဘတ် နေရာရဖို့ ဘယ်လိုတိုက်ပွဲဝင်နေရလဲဆိုတာ ဝမ်းနည်းစွာပြောလာတဲ့ဆိုးရှားလ်

မန်ချက်စတာယူနိက်တက်ဟာ ဒေါင်းနင်း ဗန်ဒါဘတ်ဆိုတဲ့ ကွင်းလယ်ကစားသမား ကို အေဂျက်စ်အသင်းကနေ ဗန်ဒါဆားအကူညီဖြင့်ခေါ်ယူခဲ့ပါတယ်..

ယင်းကစားသမားဟာ အသင်းကိုရောက်ရှိလာတဲ့အခါမှာ အင်္ဂလန်ရဲ့ လျင်မြန်တဲ့ပြေးနှုန်းနဲ့ ကစားတဲ့အပေါ်မှာ အထိုင်ကျဖို့ရယ် နည်းပြီကြီးဆိုးရှားလ် ရဲ့ ကစားကွက်နဲ့ အထိုင်ကျဖို့ရယ်ရုန်းကန်လာရပါတယ်….

နည်းပြကြီး ဆိုးရှားလ်က ဗန်ဒါဘတ် ရုန်းကန်နေရတဲ့အချိန်တချို့နဲ့ သူ့ရဲ့ နေရာအမှန်ကို ယခုလိုပြောလာပါတယ်…

ဆိုးရှားလ်က ” ဗန်ဒါဘတ်က ကွင်းလယ်မှာ တကယ်ကစားနိုင်တဲ့ကစားသမားပါ…..သူက ပေါ့ဘာ နေရာမှာလည်း ဆော့နိုင်တယ် …ဖရက်ဒ်နေရာမှာလည်းကစားနိုင်တယ်…..အဲ့ဒီတော့ သူက တကယ်ကစားသမားတွေနဲ့ နေရာလုတိုက်ပွဲဝင်ဖို့ ပြင်ဆင်နေရတဲ့သူပါ..သူ့အတွက် အခွင့်ရေးက နည်းပါးလွန်းနေတာမဟုတ်ပါဘူး…သူဘယ်နေရမှာကစားမလဲဆိုတာအတွက် သူရုန်းကန်နေရတာပါ…

နောက်ပြီး သူက အသင်းရဲ့ ကစားကွက် နဲ့ အံဝင်ဖို့သူရုန်းကန်နေရပါတယ်….တချို့အချိန်တွေမှာ သူအရံခုံထိုင်နေရတာတွေက သူကိုပစ်ပယ်ထားတာမဟုတ်ပါဘူး…..သူ့ရဲ့ နေရာအစစ်မှန်ကိုလိုက်ရှာဖွေဖို့ အချိန်ပေးနေတာပါ……..

ကစားသမားတွေဟာ အရံခုံမှာ ထိုင်ပြီးအချိန်ဖြုန်းနေရမှာမဟုတ်ဘူး….ကိုယ်ဘယ်နေရာကနေဖြည့်ပြီး အသင်းအတွက် ပေးဆပ်ရမလဲဆိုတာကို စဉ်းစားနေရင်းနဲ့ နေရာတခုရဖို့ တိုက်ပွဲဝင်နေရမှာပါ ” ဆိုပြီးပြောသွားခဲ့ပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.