Line Up ခန့်မှန်း ဆရာကြီး MEN News မှ ဒါဘီပွဲအတွက် Line Up နှစ်ခုခန့်မှန်းပြီ….

မန်ချက်စတာယူနိက်တက်ဟာ ယနေ့ည ၂နာရီခွဲတွင် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းနဲ့ EFL CUP ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒါဘီပွဲကို အိမ်ကွင်း အိုးထရစ်ဖို့စ်မှာ လက်ခံကစားရမှာဖြစ်ပါတယ်..

ယင်းပွဲအတွက် Line Up ကို မန်ချက်စတာယူနိက်တက်ပွဲများကို Line Up ခန့်မှန်းနေကျ ဆရာတဆူဖြစ်တဲ့ MEN News မှ (၂) မျိုး ခန့်မှန်းထားပေးပါတယ်….

MEN News မှ ပထမဆုံး Line Up မှာ ၄-၃-၃ ကစားကွက်ဖြစ်ပြီး ဂိုးသမားအနေနဲ့ ဟန်ဒါဆန် ၊ နောက်တန်းမှာ ဘိုင်လီ မက်ကွိင်းယားအတွဲနဲ့ ဘယ်ညာမှာ ဝမ်ဘစ်ဆာကာနဲ့လုရှော တို့ပါ…ကွင်းလယ်မှာတော့ ဖရက်ဒ် မာတစ်နဲ့ ဖာနန်ဒက် ..ဘယ်ညာတောင်ပံတိုက်စစ်မှာ ရတ်ဖို့စ် ပေါ့ဘာ နဲ့ အထောင်မှာ မာရှယ်ကိုထားထားပါတယ်…ဒီကစားကွက်ကတော့ ဖြစ်နိုင်ချေနည်းလွန်းနေပါတယ်…

ဒီကစားကွက်ကို မန်ယူပရိတ်သတ်တွေက Voting ပေးခဲ့ရာမှာ 69% သာရရှိခဲ့ပြီး ဖြစ်နိုင်ချေနည်းပါးလွန်းတဲ့ဆိုတဲ့ Comment တွေနဲ့ပလူပျံခဲ့ပါတယ်…

ဒုတိယကစားကွက် အနေနဲ့ ၄-၃-၃ ကစားကွက်ကိုဘဲသုံးမယ်လို့ ခန့်မှန်းထားပြီး ဂိုးသမားကတော့ ဟန်ဒါဆန် နဲ့ နောက်တန်းကတော့ ပြောင်းလဲခြင်းမရှိပါဘူး…ကွင်းလယ်မှာတော့ တော်မီနေး ဖရက်ပေါ့ဘာ ဖာနန်ဒက်တို့နဲ့ စုဖွဲ့မှုအားကောင်းတဲ့ပုံစံကိုမြင်ရပါတယ်..တိုက်စစ်မှာတော့ မာရှယ် ရတ်ဖို့တို့ကို ထားထားကပါတယ်..ဒီကစားကွက်ကတော့ ဖြစ်နိုင်မှုရာခိုင်နှုန်းများမယ်လို့ ယူဆရပါတယ်..

ဒီကစားကွက်ကို မန်ယူပရိတ်သတ်တွေက 89 % ထိ Voting ပေးခဲ့ကြပြီး ဖြစ်နိုင်ချေအရှိဆုံးနဲ့ မန်ချက်စတာစီးတီးကို အနိုင်ယူမယ့်ပုံစံကောင်းတခုလို့ မှတ်ချက်ပေးခဲ့ကြပါတယ်…

FBV Sport News

Leave a Comment

Your email address will not be published.