ဆိုလ်းရှား၊ မာရှယ် ဖာနန်ဒက်တို့နဲ့ပက်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ ဖာဂူဆန်

ကာရာဘောင်းဖလားပွဲစဉ်ရဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်ကို မနေ့ညက ကစားခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်တို့က ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

အခုလိုရှုံးနိမ့်မှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက နှစ်နှစ်ဆက်တိုက် ပတ်ရဲ့ အသင်းကို ဆီးမီးဖိုင်နယ်မှာ ရှုံးနိမ့်တဲ့ မှတ်တမ်းတစ်ခု ပိုင်ဆိုင်သွားသလို ဆိုးလ်ရှားရဲ့ ဆီးမီးဖိုင် နယ် ကြမ္မာဆိုးကလဲ မရပ်တန့်ခဲ့ရပါဘူး။

ဒီလိုအခြေအနေမှာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီးဖြစ်သူ ဆာအဲလက်ဖာဂူဆန်က ဆိုလ်းရှားကိုဝေဖန်တဲ့မှတ်ချက်စကားတစ်ခုဆိုခဲ့ပြီး ယူနိုက်တက်အနေနဲ့လက်လွတ်သွားတဲ့ ဖလားကို မလွမ်းနေဖို့ပြောကြားလိုက်တာပါ။

“သူ့ကို မှားပီးသားအမှားတွေ ထပ်မမှားစေချင်ဘူး။ မနေ့ညကပွဲမှာ နည်းပြရဲ့အမှားတွေအများကြီးပါတယ်ဆိုတာကျွန်တော်ခံစားမိတယ်။ ပွဲစထွက်မှာတည်းကမှားခဲ့တယ်လို့ပြောရမယ်။ ဒါတွေကထားပါ။ ကျွန်တော်တို့က အမှားတွေထဲကသင်ခန်းစာယူပြီး EPLကိုအရယူဖို့ပဲလိုပါတယ်”လို့ ဆာအဲလက်စ်ဖာဂူဆန်ကဆိုပါတယ်။

ဖာဂူဆန်ကမန်စီးတီးနဲ့ ရှုံးခဲ့တဲ့ပွဲက အမှားတွေကို သင်ခန်းစာယူပြီးတော့ အမှတ်ပေးဖလားမှာ ပြင်ဆ င်နိုင်ခဲ့မယ်ဆိုရင် ဆိုးလ်ရှားရဲ့ အသင်းက အမှတ်ပေးချန်ပီယံ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

“ကာရာဘောင်းဖလားက ကျနော်တို့တုန်းက အရေးမပါတဲ့ ဖလားတစ်ခုပါပဲ။ မော်ရင်ဟိုရောက်လာမှသာ ဒီဖလားကို အသင်း ကြီးတွေက စပြီးတော့ စိတ်ဝင်စားပြီးယူလာတာပါ။ ကျေ နာ်ပြောချင်တာက ဒီဖလားက အရေးမကြီးပါဘူး။ ဒီဖလားမှာ လိုအပ်ချက်ရှိခဲ့တာတွေကို သင်ခန်းစာယူပြီးတော့ အမှတ်ပေးဖလား ယူဖို့ပါပဲ” ဆိုပြီး ဖာဂူဆန်က ပြောခဲ့တာပါ။

ဒါ့အပြင် နောက်ပွဲတွေအတွက် တိုက်စစ်မှာ တိုက်စစ်မှူးပီသတဲ့သူကို အသုံးပြုဖို့နဲ့ လူတစ်ယောက်ကို မရှိမဖြစ်မှီခိုမနေဖို့လည်း ယူနိုက်တက်ကိုအကြံပေးသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အဓိကကစားသမားပြောရမယ့် ဖာနန်ဒက်ဟာ ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုမှာ တောက်လျောက်ပြတ်နေခဲ့ပြီးတော့ ယူနိုက်တက်အတွက် ဖာနန်ဒက်ဟာပွဲတိုင်းနီးပါးမှာထုတ်သုံးရတဲ့ကစားသမားဖြစ်လာပါတ ယ်။

“နည်းစနစ်အပြောင်းအလဲမှာ ပြတ်သားသင့်တာကိုပြတ်သားရမယ်လို့ကျွန်တော်ပြောချင်တယ်။ မာရှယ်ကိုတိုက်စစ်မှူးသမားကောင်းတစ်ယောက်လို့ကျွန်တော်မမြင်ပါဘူး။ ဖာနန်ဒက်ကိုလည်း အရမ်းကြီးမမှီခိုစေချင်ဘူး။ရှုံးသွားတဲ့ပွဲက အရှံးနဲ့ထိုက်တန်တယ်တောင်ပြောရပါမယ်”လို့ဖာဂူဆန်ကပြောကြားသွားခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားဟာ ရှေ့တန်းတိုက်စစ်မှာ ဂိုးပေါက်တည့်အောင်တောင် ခြိမ်းခြောက်မှုမလုပ်နိုင်ပဲ အပြတ်များနေတဲ့ မာရှယ်ကို လူစားမလဲခဲ့သလိုဖာနန်ဒက်ကိုလည်း လဲလှယ်မှုမလုပ်ခဲ့တဲ့အတွက် အားကစားဝေဖန်ရေးသမားတွေကလည်းဝေဖန်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေးဖလားမှာ အခြေအနေကောင်းနေခဲ့ပြီးတော့ အသင်းပရိသတ်တွေကတော့ ဒီရာ သီမှာ သူတို့အသင်းရဲ့ ၂၁ ကြိမ်မြောက်ဖလားယူဖို့ အားဖြစ်နေကြပါပြီ။

ယူနိုက်တက်အသင်းက အမှတ်ပေးဇယားမှာ လီဗာပူးအသင်းနဲ့ ရမှတ်အတူတူ ဦးဆောင်ထားနိုင်ပေမယ့်လည်း အားသာချက် အဖြစ် တစ်ပွဲလျော့ကစားထားတာပါပဲ။ အဲဒီပွဲကလည်း ဘန်လေအသင်းနဲ့ ပွဲစဉ်ဖြစ်နေတာကြောင့် အသင်းပရိသတ်တွေကတော့ အနိုင် ၃ မှတ်သေချာတယ်လို့ သုံးသပ်ထားကြပါတယ်။

Leave a Comment

Your email address will not be published.