ဆိုးရှားရဲ့နည်းစနစ်ပိုင်းကဂွါဒီယိုလာနဲ့ယှဉ်ရင်ကလေးအဆင့်ဘဲရှိတယ်ဟုလှောင်ပြောင်ခံရ

မန်ယူအသင်းဟာ ယမန်နေ့ညက ကာရာဘိုးဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြိုကခံပြိုင်ဘက်မန်စီးတီးအသင်းကိုအိမ်ကွင်းမှာနှစ်ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပါတယ်။အဆိုပါပွဲစဉ်ကို စပိန်နာမည်သတင်းစာမာကာ က နည်းစနစ်ပိုင်းဆိုင်ရာဝေဖန်သုံးသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။

အဆိုပါမာကာသတင်းစာမှာရေးသားခဲ့တဲ့ဆောင်းပါးရှင်က မန်ယူအသင်းနည်းပြဆိုးရှားဟာနည်းစနစ်ပိုင်းဆိုင်ရာမှာဂွာဒီယိုလာကို မမှီနိုင်သေးဘူးလို့လှောင်ပြောင်ထားပြီး။ဆိုးရှားအနေနဲ့နောင်နှစ်ပေါင်းများစွာလေ့လာရဦးမယ်လို့၎င်းကသုံးသပ်ပါတယ်။

ယင်းကာရာဘောင်းဖလားပွဲစဉ်မှာ မန်ယူအသင်းဟာ အားလုံးသိပြီးသားကစားပုံ အားလုံးသိပြီးသာ လူစာရင်းနဲ့သာ ဆက်လက်ပွဲထွက်လာခဲ့ပြီး မန်ယူအသင်းရဲ့ အသက်လို့ဆိုရမယ့် ဘရူနိုဖာနန်ဒက်ရဲ့ဘောလုံးလမ်းကြောင်းတွေကို ကြိုတင် ပိတ်ဆို့ထားလိုက်ခြင်းဖြင့်ဂွါဒီယိုလာအလွယ်တကူအသာရခဲ့ကြောင်းသုံးသပ်ထားပါတယ်။

ဒါ့အပြင်မန်ယူအားသန်တဲ့ဘယ်နောက်ခံကစားသမားလုရှောကို စတားလင်းကို ညာမှဘယ်ပြောင်းကစားစေခြင်းဖြင့် လုရှောရဲ့တိုက်စစ်လိုက်ပါမှုကိုထိမ်းချုပ်ပြခဲ့ပြီးဘယ်တောင်ပံမှ လုရှော၊ရက်ဖိုစ်အတွဲကိုဖျက်ဆီးပြခဲ့သလိုနဂိုကမှ အားမရှိတဲ့ မန်ယူညာခြမ်းအတွက်ကတော့ ဘာမှအလုပ်မဖြစ်ခဲ့ကြောင်းထောက်ပြပါတယ်။

မန်ယူအသင်းဟာပွဲစဉ်တလျှောက်လုံးမန်စီးင်္တီးအသင်းရဲ့ထိမ်းချုပ်မှုအောက်မှာဘဲရောက်ရှိနေခဲ့ပြီးထိုအခြေနေကနေရုန်းထွက်ဖို့ဆိုးရှားအနေနဲ့ နည်းဗျူဟာပိုင်းပြင်ဆင်နိုင်မှုဘာမှမရှိကြောင်း ၎င်းကဆိုပါတယ်။

လူစားလဲမှုတွေကလည်းပုံမှန်အတိုင်းသာပြုလုပ်ခဲ့ပြီးနည်းစနစ်ရထိရောက်မှုလုံးဝမရှိကြောင်းတော်မီနေးနှင့်ဂရင်းဝုဒ်ကို အလဲအလှယ်ပြုလုပ်ပြီးတိုက်စစ်သုံးဦးစနစ်ပြောင်းကစားခဲ့သော်လည်း တန်ပြန်တိုက်စစ်အတွက် ဘရူနိုရဲ့ဘောလုံးလမ်းကြောင်းတွေမရှိတဲ့အတွက် အသင်းဟာ အသက်မဲ့နေရတာဖြစ်ကြောင်းရေးသားထားပါတယ်။

ဆောင်းပါးရဲ့အဆုံးသတ်မှာတော့ ဆိုးရှားရဲ့နည်းစနစ်ပိုင်းဟာ ဖမ်းစားရလွယ်ကူတာကြောင့် ယခုလိုအရေးကြီးဖလားပွဲစဉ်တွေမှာ မန်ယူအသင်းဟာ အောင်မြင်မှုရနိုင်ဖို့မလွယ်ကူဘဲတဘက်အသင်းရဲ့အားနည်းချက်ကို ရှာဖွေရာမှာ လိုအပ်ချက်တွေများလွန်းကြောင်းနဲ့ မန်ယူအသင်းရဲ့အားနည်းချက်ကတော့အလွယ်တကူရှာတွေ့နိုင်ကြောင်း သုံးသပ်ပြသွားပါတယ်။

Leave a Comment

Your email address will not be published.