ဖာနန်ဒက်စ်ယောက်ထဲနဲ့ဘာမှဖြစ်မလာနိုင်လို့မန်ယူရဲ့လိုအပ်ချက်ကိုထောက်ပြလိုက်တဲ့ရိုင်ကိန်း

မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းရိုင်ကိန်းဟာယမန်နေ့ညက မန်ချက်စတာယူနိုက်တတ်အသင်းနဲ့မန်ချက်စတာစီးတီးအသင်းတို့ရဲ့ကာရာဘောင်း ဖလားပွဲစဉ်မှာ ဘောလုံးဝေဖန်သူအဖြစ်Sky Sportအားကစားအစီအစဉ်မှာဆောင်ရွက်ခဲ့ပြီးဆီမီးဖိုင်နယ်အဆင့်မှာကျဆုံးခဲ့တဲ့အသင်းဟောင်းရဲ့လိုအပ်ချက်တွေကို ထောက်ပြခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ဧည့်သည်မန်စီးတီးအသင်းရဲ့ကစားကွက်အောက်မှရုန်းထွက်နိုင်ခြင်းမရှိဘဲကစားကွက်အရပါအရေးနိမ့်ခဲ့ရပါတယ်။

မန်စီးတီးအသင်းကမန်ယူအသင်းကို ဝ-၂ရလာဒ်နဲ့အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်းအတွက်ဂိုးတွေကိုတော့ဒုတိယပိုင်းမှာ နောက်ခံလူဂျွန်စတုန်းနဲ့ကွင်းလယ်ကစားသမားဖာနန်ဒင်ဟိုတို့ကသွင်းယူပြီးအဝေးကွင်းမှာ ဝ-၂ရလာဒ်နဲ့အနိုင်ရရှိကာ နောက်ဆုံးဖိုင်နယ်အဆင့်ကို တတ်ရောက်သွားခဲ့ပါတယ်။

အဆိုပါအရံှုးနဲ့ပါတ်သတ်ပြီးရိုင်ကိန်းက ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတဲ့ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်ကို ပါအပြစ်တင်ခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်ဟာအဆိုပါပွဲစဉ်မှာ ပွဲပန်းနေပုံရပြီးဖန်တီးမှုတွေပြုလုပ်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

ကိန်းက လူအတော်များများက ဘရူနိုဖာနန်ဒက်ဟာ ကန်တိုနာလိုဘဲလို့ပြောနေကြတယ်။ကန်တိုနာနဲ့ဖာနန်ဒက်က မတူးပါဘူး ကန်တိုနာဆိုတာဖလားတွေကို ကိုင်မြှောက်ခဲ့တဲ့ကစားသမားပါဖာနနဒက်ကတော့ဘာဖလားမှမရဘူးသေးပါဘူး။

ကန်တိုနာလိုဖြစ်ချင်ရင် ဖလားတွေကိုင်မြှောက်နိုင်ရမှာပါ။မန်ယူအသင်းလူစာရင်းမှာ ထိပ်တန်းအဆင့်ကစားသမားနှစ်ဦးသုံးဦးလောက်လိုအပ်နေသေးတာလည်းအထင်ရှားပါဘဲ။ပွဲကြီးတွေမှာ မန်ယူအသင်းဟာ နည်းစနစ်အရပြောင်းလဲမှုတွေလုပ်လို့မရပါဘူး။နောက်ထပ်ကစားသမားသုံးဦးလောက်ထည့်ပေါင်းနိုင်မှ အဆင်ပြေပါလိမ့်မယ်။

ညကပွဲကမန်ယူရဲ့အကောင်းဆုံးလူစာရင်းပါ။ဒါပေမယ့် မန်ချက်စတာစီးတီးရဲ့ကစားသမားတွေနဲ့ကွာခြားနေတယ်ဆိုတာအမြင်ပါဘဲ။နောက်လာမယ့်ပွဲတွေကလည်းအရေးကြီးပွဲတွေပါ ဝက်ဖိုစ့်အသင်းနဲ့FAဖလားပွဲပြီးတာနဲ့ဘန်လလေအသင်းနဲ့ပရီးမီးယားလိဂ်ပွဲကျန်ကို ကစားပြီးတာနဲ့ အနီးဆုံးပြိုင်ဘက်လီပါပူလ်းနဲ့ကစားရမှာပါ။

အဲ့ဒိပွဲစဉ်တွေမှာဆိုးရှားနေနဲ့အသင်းရဲ့လူစာရင်းကိုစနစ်တကျအသုံးပြုဖို့လိုနေပါတယ်။အခုလိုဘဲ ကစားပုံမပြောင်းတဲ့ လူစာရင်းနဲ့ဆိုရင်အသင်းအနေနဲ့ ကျော်ဖြတ်နိုင်ဖို့မလွယ်ပါဘူး။

အသင်းရဲ့လူစာရင်းထဲကို ကစားသမားသစ်တွေလည်းထပ်မံထည့်သွင်းဖို့လိုအပ်ပါတယ်။အခုလူစာရင်းမှာ အပြောင်းအလဲလုပ်နိုင်တဲ့ကစားသမား မရှိဘူးဖြစ်နေပါတယ်ဟုထောက်ပြသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.