ဘရူနိရဲ့ပရိတ်သတ်ကိုတောင်းပန်တဲ့စာအား ဆိုရှယ်မီဒီယာမှာ မော်ရင်ဟိုလှောင်ပြောင်ခဲ့


မန်ချက်စတာယူနိက်တက်ဟာ EFL Cup ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့စ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၀ – ၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲက နေထွက်ခွာခဲ့ရပါပြီ….

ယင်းပွဲမှာ မန်ချက်စတာယူနိက်တက် တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ရတ်ဖို့စ် နဲ့ မာရှယ် ဟာ အပိုင်အခွင့်အရေးတွေရပေမယ့် ဖြုန်းတီးပစ်ခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး…

ပွဲအပြီးမှာ မန်ချက်စတာယူနိက်တက် ကွင်းလယ်ကစားသမား ဘရူနိဖာနန်ဒက်ဟာ ပရိတ်သတ်ကို တောင်းပန်စာကိုဆိုရှယ် မီဒီယာပေါ်တင်ခဲ့တာကို စပါးနည်းပြ ဟိုဆေးမော်ရင်ဟို ယခုလိုလှောင်ပြောင်ထားခဲ့ပါတယ်..

မော်ရင်ဟိုက ” ကျနော်တို့ ပွဲ တွေ အများကြီးကစားတိုင်း အမှားတွေအများကြီးနဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်…ကျနော်လည်း ကစားသမားဘဝကလာတာမို့ အမှားတွေအများကြီးလုပ်ခဲ့ဖူးတယ်….ဒါပေမဲ့ မတောင်းပန်ခဲ့ဘူး…..

တချို့တွေက ကိုယ့်ကိုကိုယ် ပရော်ဖက်ရှင်နယ်ပီသတယ်ဆိုပီး ခံယူထားတယ်….ပွဲထဲမှာ လုပ်ချင်တိုင်း တိုင်းလုပ်တယ်…ကစားချင်တိုင်းကစားတယ်…အမှားတွေလုပ်ပြီးမှ တောင်းပန်နေတာက ပရော်ဖက်ရှင်နယ်လုပ်ရပ်မဟုတ်ပါဘူး…..

ပရော်ဖက်ရှင်နယ်တွေက အဲ့လို ပိုက်ဆံထိုင်ယူ အလုပ်ကောင်းကောင်းမလုပ်ဘဲ တောင်းပန်တတ်တာလား..တောင်းပန်လိုက်ရုံနဲ့ ဖလားရသွားလာဆိုပြီး ” လှောင်ပြောင်ခဲ့ပါတယ်…

Leave a Comment

Your email address will not be published.