ယခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းရဲ့အသုံးမကျဆုံးနေရာကို ဗီဒစ်ထောက်ပြ

မန်ယူအသင်းရဲ့ဂန္ဓဝင်ကစားသမားဟောင်းဗီဒစ်က လက်ရှိမန်ယူအသင်းရဲ့နောက်တန်းကိုစိတ်တိုင်းမကျဖြစ်နေပါတယ်။ယမန်နေ့ကာှဉ်ပြိုင်ခဲ့တဲ့ကာရာဘိုးဖလားဆီမီးဖိုင်နယ်မှာ မန်ယူအသင်းရှုံးနိမ့်အပြီးမှာ အခုလိုပြောခဲ့တာပါ။

ဗီဒစ်က Five Live Youtube Channelနဲ့အင်တာဗျူးမှာ မန်ယူအသင်းဟာ မန်စီးတီးအသင်းကို တည်ကန်ဘောတွေနဲ့၇ှုံးနိမ်ခဲ့တာကိုအားမလိုအားမရဖြစ်နေကြောင်းရင်ဖွင့်ခဲ့ပါတယ်။

တည်ကန်ဘောတွေကနေဂိုးတွေအလွယ်တကူပေးနေရတာဟာ အလွန်ဆိုးရွားကြောင်းဗီဒစ်ကဆိုပါတယ်။ပထမဂိုးအတွက်ဗဟိုခံစစ်ကစားသမားနှစ်ဦးလုံးမှာတာဝန်ရှိပြီးဖလားမျှော်မှန်းတဲ့အသင်းရဲ့နောက်တန်းကအခုလောက် အာရုံစူးစိုက်မှုမျိုးနဲ့မရကြောင်း၎င်းကဆိုပါတယ်။

ဒုတိယဂိုးမှာလည်းညာနောက်ခံကစားသမားဘစ်ဆာကာရဲ့အားနည်းချက်ဟာထင်ရှားကြောင်းထောက်ပြပါတယ်။မန်ယူနောက်တန်းဟာအခုနှစ်ဘောလုံးရာသီမှာ ဂိုးတွေအလွယ်တကူပေးနေရပြီး ဆိုးရှားကိုယ်တိုင်းလည်းအဆိုပါအားနည်းချကိုသိရှိထားပြီးပြုပြင်ခြင်းမလုပ်ဘးူလို့၎င်းကဝေဖန်ပါတယ်။

ဆိုးရှားကနောက်တန်းအားနည်းချက်ကို ကာကွယ်ဖို့ ကွင်းလယ်ခံစစ်နှစ်ဦးထားပြီးကစားကွက်ကို ကစားစေတာလေဗဟိုနောက်ခံလူတွေကိုအထောက်အကူဖြစ်စေဖို့ပါအဲဒိစနစ်ကြောင့်အသင်းတိုက်စစ်အားနည်းရပြီးအသင်းအတွက်လည်းရုန်းကန်မှုတွေရှိနေတယ်လို့ထောက်ပြပါတယ်။

မန်ယူအနေနဲ့အခုဇန်နဝါရီမှာ အသင်းအတွက်စိတ်ချရမယ့်နောက်ခံကစားသမားတစ်ဦးခေါ်ယူသင့်သလိုဗဟိုခံစစ်ကစားသမားနှစ်ဦးကိုလည်းအပြောင်းအလည်လုပ်သင့်ကြောင်းပြောကြားသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.