ရတ်ဖို့ နဲ့ မာရှယ်အား တကိုယ်ကောင်းဆန်တဲ့အကျင့်တွေပြင်ဖို့ ရွိင်ကိန်းဆုံးမစကားဆို

မန်ချက်စတာယူနိက်တက်ဟာ EFL Cup ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့စ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၀ – ၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲက နေထွက်ခွာခဲ့ရပါပြီ….

ယင်းပွဲမှာ မန်ချက်စတာယူနိက်တက် တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ရတ်ဖို့စ် နဲ့ မာရှယ် ဟာ အပိုင်အခွင့်အရေးတွေရပေမယ့် ဖြုန်းတီးပစ်ခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး…

မန်ချက်စတာယူနိက်တက်ဂန္တဝင် ကစားသမား ရွိင်ကိန်းက ယင်းကစားသမားနှစ်ဦး အား ဆုံးမစကားယခုလိုပြောထားပါတယ်…

ရွိင်ကိန်းက ” ပွဲတပွဲ မှာ အသင်းလိုက် စုဖွဲ့မှုအားကောင်းဖို့က အရမ်းအရေးကြီးပါတယ်….မန်ချက်စတာယူနိက်တက်ဟာ ဒီပွဲမှာ အသင်းလိုက် စုဖွဲ့မှုပုံစံကောင်းအနေနဲ့ ရှိမနေခဲ့ပါဘူး……ဂိုးရရှိရေးအတွက်လည်း ဆန္ဒစောနေကြပါတယ်…

အပိုင်အခွင့်အရေးတွေကို ရတ်ဖို့စ်နဲ့ မာရှယ်တို့ဟာ ကောင်းကောင်းအသုံးမချကြပါဘူး….လူပေးသင့်တဲ့နေရာမှာလူပေးပြီး ဂိုးရရှိရေးကြိုးစားနေရမှာကို ယခုလို မျိုးတကိုယ်ကောင်းဆန်တော့ အသင်းအတွက် နစ်နာပြီး ကျန်တဲ့ကစားသမားတွေရဲ့ စိတ်ဓာတ်ရေးရာအရပါ ထိခိုက်သွားနိုင်တယ် ” ဟု ပြောခဲ့ပါတယ်..

FBV Sport News

Leave a Comment

Your email address will not be published.