လူမှုကွန်ယက်မှာခေတ်စားနေတဲ့ဒီယာလိုအတွက် ပေါ့ဘာပေးလိုက်တဲ့နာမည်ပြောင်

လာမယ့်ရသတ္တပါတ်အတွင်းမှာမန်ယူအသင်းကိုပြောင်းရွှေ့လာတော့ မယ့်အီတလီစီးရီအေကလပ်အတ္တလန်တာအသင်းမှလူငယ်တောင်ပံကစားသမားလေး အာမက်ဒီယာလိုကိုအသင်းကိုအရောက်ခင်မှာဘဲအသင်းမှစီနီယာကစားသမားပေါပေါ့ဘာက နာမည်ပြောင်တစ်ခုပေးလိုက်ပါပြီ။

အဆိုပါနာမည်ပြောင်ကို ပေါ့ဘာက ဒီယာလိုရဲ့အင်စတာဂရမ်အကောင့်မှာcommentရေးခဲ့တာကြောင့်ပရိတ်သတ်တွေကပါသိရှိသွားပြီး ပေါ့ဘာပေးလိုက်တဲ့နာမည်ပြောင်ဟာ လူမှုကွန်ယက်မှာခေတ်စားနေခဲ့ကြောင်း The Sun သတင်းအရသိရပါတယ်။

ဒီယာလိုဟာ မန်ယူအသင်းကို အခုဇန်နဝါရီမှာပြောင်းရွှေနိုင်ဖို့သူကိုယ်တိုင်ကပါစိတအားထက်သန်နေပြီးသူ့ရဲ့အသင်းအတ္တလန်တာကတော့ ဒီယာလိုကိုရာသီကုန်မှသာမန်ယူအသင်းကို စေလွှတ်ရဖို့ကျိုးစားနေပါတယ်။အဆိုပါကျိုးပန်းချက်ကို မန်ယူအသင်းကလက်ခံခြင်းမရှိဘဲအသက်၁၈နှစ်အရွယ် ပါရမီရှင်ကစားသမားလေးကို ယခုဇန်နဝါရီမှာအသင်းကိုအရောက်ခေါ်ယူသွားဖို့ဆုံးဖြတ်ထားကြောင်းသိရပါတယ်။

ဒီယာလိုဟာ မန်ယူအသင်းကိုရောက်ရှိမလာခင်ယမန်နေ့ကသူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သူအသက်၁၃နှစ်အရွယ် ၂၀၁၅ခုနှစ်တုန်းကပေါ့ဘာနဲ့တွဲရိုက်ထားတဲ့ပုံကိုတင်ထားခဲ့ပါတယ်။ယင်းအချိန်တုန်းကဒီယာလိုဟာအတ္တလန်တာလူငယ်အသင်းကလေးလေးတစ်ဦးသာဖြစ်ပြီးပေါ့ဘာကတော့ဂျူဗင်တတ်အသင်းကကစားသမားတစ်ဦးဖြစနေပါပြီ။

အဆိုပါဓါတ်ပုံထဲမှာပေါ့ဘာဘေးမှာရပ်နေတဲ့ကလေးလေးဟာအခုအသင်းဖေါ်တွေဖြစ်လာခဲ့ပါပြီ။အဆိုပါပုံရဲ့အောက်မှာဘဲပေါ့ဘာက “Welcome, kid” ဆိူပြီးကလေးလေးကိုကြိုဆိုတယ်ဟုရေးသားခဲ့ပါတယ်။

အဆိုပါ ပေါ့ဘာကကလေးလေးလို့ခေါ်လိုက်တဲ့နာမည်ပြောင်ဟာ ပရီတ်သတ်များအကြားမှုလည်းအထူးရေပန်းစားနေကြပြီး မန်ယူပရိတ်သတ်အများအပြားကလည်းအဆိုပါပုံအောက်မှာ ကလေးလေးကိုကြိုဆိုတယ်လို့ပေါ့ဘာရေးသလိုcommentတွေ ရေးခဲ့ကြပါတယ်။

အသက်၁၈နှ်အရွယ် အိုင်ဗရီကိုစ့်တောင်ပံကစားသမားလေးဟာမန်ယူအသင်းရဲ့အားနည်းနေတဲ့ညာတောင်ပံတိုက်စစ်အတွက်အဖြေဖြစ်လာနိုင်ပြီး ပေါင်သန်း၃၀ပေးပြီးခေါ်ယူခဲ့ရတာပါ။ဒီယာလိုဟာ အတ္တလန်တာအသင်းကြီးမှာ ပါဝင်ကစားခွင့်နည်းခဲ့ပေမယ့် ကစားခွင့်ရချိန်တိုင်းနဲ့ လူငယ်အသင်းမှာအထူးခြေစွမ်းပြကစားပြနိုင်တာကြောင့်ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဒီယာလိုကို အိုင်ဗရီကိုဒ်မက်ဆီလို့ညွှန်းဆိုနေကြပြီးသူ့ရဲ့ကစားဟန်ကလည်း ဘာစီလိုနာအသင်းကြယ်ပွင့် မက်ဆီရဲ့ကစားဟန်နဲ့ဆင်တူနေလို မန်ယူအသင်းကို စတင်ရောက်ရှိချိန်မှာ လူငယအသင်းမှာခေတ္တသာကစားရပြီးအသင်းကြီးလူစာရင်းမှာထည့်သွင်းခံရဖွယ်ရှိနေကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.