“သူ့ဆုတောင်းမပြည့်ပဲ ယူနိုက်တက်ရှုံးသွားလို့ “မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ မော်ရင်ဟို

အားလုံးသီပြီးတဲ့အတိုင်း ဆိုးလ်ရှားနဲ့ မန်ချက်စတာယူနိုက်တက် အတွက် နောက်ထပ် စိတ်ပျက်စရာ ဆီမီး ဖြစ်ခဲ့ပြီး ဒါဘီမှာ မန်စီးတီးကို ရှုံးခဲ့ပါတယ်။

မနှစ် ဆီမီး ဖိုင်နယ် ၃ပွဲနဲ့ ဒီနှစ် ဆီမီးပွဲပါ ထပ်ရှုံးလို့ ၄ပွဲဆက် ရှုံးခဲ့တာဖြစ်သလို ပတ်ဂွါဒီယိုလာ အသင်းကလည်း ချယ်လ်ဆီးရော မန်ချက်စတာယူနိုက်တက် ၂သင်းစလုံးကို အ ဝေးကွင်းမှာ ခြေစွမ်းပြပြီး နိုင်ခဲ့တာပါ။ လိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ပိုင်ဆိုင်ထားတဲ့ လက်ရှိချန်ပီယံ မန်စီးတီးကတော့ ဒီတစ်ကြိမ်မှာလည်း မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီး လိဂ်ဖလားဖိုင်နယ်ကို ထပ်မံတတ်လှမ်းခဲ့ကာ စပါးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

(စတုန်း ၅ဝမိနစ် ဖာနန်ဒင်ဟို ၈၃မိနစ်)တို့ကသွင်းယူခဲ့တာပါ။ပွဲတစ်ပွဲလုံးကို မန်စီးတီးအသင်းက ခြေအသာနဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီးတော့
ပထမပိုင်းမှာ နှစ်ဖက်လုံးက ရရှိခဲ့တဲ့ ဂိုးတွေဟာ လူကျွံဘောဖြစ်နေခဲ့တာပါ။

မန်စီးတီးဟာ နောက်ဆုံးမိနစ်အထိ ယူနိုက်တက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပြီးတော့ ယူနိုက်တက်ရဲ့ တိုက်စစ်နဲ့အလယ်တန်းမချိတ်ဆက်နိုင်ခဲ့သလို နောက်တန်းမှာလည်း လစ်ဟာမှုတွေ ရှိခဲ့ပြန်ပါတယ်။

အခုလို မန်ချက်စတာယူနိုက်တက်ရှုံးနိမ့်သွားတာနဲ့ပက်သက်ပြီး မန်ချက်စတာဒါဘီပွဲမတိုင်ခင် ကံကောင်းလို့ ယူနိုက်တက်နိုင်ပြီးတက်လာရင် အသဲခွဲပေးမယ်ဆိုတဲ့ မော်ရင်ဟိုက ယူနိုက်တက်အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ စိတ်ပျက်မိကြောင်း ခုလိုပြောကြားလိုက်ပါတယ်။

“စိတ်ပျက်ဖို့ကောင်းပါတယ်ဗျာ။ ကျွန်တော်က ကံကောင်းပီးနိုင်ပါစေဆုတောင်းတာ။ ခုတော့ ယူနိုက်တက်ရဲ့ ၄နှစ်ဆက်တိုက် ကျိန်စာထောင်ချောက်ထဲကမထွက်ပဲ ရှုံးသွားကြပြန်ပြီ။ ကျွန်တော့်ဆုတောင်းမပြည့်ဘူးပေါ့ဗျာ။ ခင်ဗျားမြင်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ယူနိုက်တက် တက်လာရင် ကျွန်တော်တို့ အသင်းဖလားရနိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ် ပက်ဂွာဒီယိုလာရဲ့ စံချိန်ကို ကျွန်တော်ရိုက်ချိုးပစ်မှာပါ”လို့‌မော်ရင်ဟို ကယူနိုက်တက်ကို စာနာသလိုလိုနဲ့လှောင်ပြောင်ခဲ့တာပဲဖြစ်ပါတယ်။

မာ်ရင်ဟိုဟာ မန်ချက်စတာဒါဘီပွဲမတိုင်ခင် မှာတည်းက ယူနိုက်တက်ကံကောင်းပီးတက်လာရင် အသဲခွဲပြမယ်ပြောထားခဲ့ဖူးတာပါ။ယူနိုက်တက်တို့ဟာ သူတို့အသင်းရဲ့ အစဉ်အလာအတိုင်း ဆီမီးဖိုင်နယ်က လှည့်ပြန်ခဲ့ရပြီး အဲ့ဒီပွဲမှာ နည်းပြအပါအဝင် တစ်သင်းလုံးက အခြေအနေဆိုးဝါးနေခဲ့တာကို မြင်တွေ့ရမှာပါ။

ရှ့တန်းတိုက်စစ်က ဘာခြိမ်းခြောက်မှုမှ မလုပ်နိုင်ခဲ့သလို ရှက်ဖို့နဲ့ဘရူနိုတို့ရဲ့ ဂိုးရနိုင်တဲ့အခွင့်အရေး ၂ကြိမ်ဆုံးရှုံးခဲ့ရသလို မာရှယ်ကလည်း ဘာမှအသုံးမဝင်သလိုတောင်ဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးအသင်းက ပွဲစကတည်းက အားအင်အပြည့်နဲ့ ခပ်ကြမ်းကြမ်းမာမာထန်ထန် ကစားခဲ့တဲ့အတွက် နောက်ပိုင်းမှာ နှစ်သင်းစလုံး မာထန်မှုတွေနဲ့ ပွဲက ကြည့်ကောင်းခဲ့တယ်လို့တော့ဆိုရမှာပါ။

အခုဆို အစဉ်အလာမပျက် နှုတ်ဆက်သွားပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို မန်ဖန်ပရိတ်သတ်များစွာကလည်း ဝေဖန်နေကြပါတယ်။ဒီတော့မကြာခင်မှာ လေကြီးတဲ့ မော်ရင်ဟိုနဲ့ ဖလား ၃နှစ်ဆက်တိုက်ပိုင်ဆိုင်ထားတဲ့ ဂွာဒီယိုလာတို့အသင်းဟာ ဗိုလ်လုပွဲမှာ ဖလားကို ဘယ်သူအရနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.