အမှတ်ပေးဖလားအိမ်မက်ကိုထိခိုက်စေမယ့် ဗိုင်းရပ်ကစားသမား(၂)ယောက်ကို ပေါစခိုးလ် ဝေဖန်ပြီ….

မန်ချက်စတာယူနိက်တက်ဟာ EFL Cup ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့စ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၀ – ၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲက နေထွက်ခွာခဲ့ရပါပြီ….

ယင်းပွဲမှာ မန်ချက်စတာယူနိက်တက် တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ရတ်ဖို့စ် နဲ့ မာရှယ် ဟာ အပိုင်အခွင့်အရေးတွေရပေမယ့် ဖြုန်းတီးပစ်ခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး…

မန်ချက်စတာယူနိက်တက် ကွင်းလယ်ကစားသမားဟောင်း ပေါစခိုးလ်က ယင်းပွဲက မန်ချက်စတာယူနိက်တက် အနာဂတ်အတွက် ဗိုင်းရပ်တွေရှိနေတယ်ဆိုတာကို ယခုလိုပြောပြခဲ့ပါတယ်..

ပေါစခိုးလ်က ” မန်စီးတီး အသင်းကို ရှုံးနိမ့်တာ အပြစ်မပြောလိုပါဘူး….ဒါပေမဲ့ အသင်းကို လှည့်မကြည့်ဘဲ သူတို့ကောင်းဖို့အရေးအတွက်ကစားနေတဲ့ကစားသမားတွေရှိနေတာကျ အဆင်မပြေပါဘူး…..

ဘယ်ကစားသမားတွေလဲလို့မေးရင် ရတ်ဖို့ နဲ့ မာရှယ်ပါဘဲ….ကျနော် အပြစ်တင်နေတာကို လူမုန်းများနေပါစေ ပြောပါစေ….မန်ချက်စတာယူနိက်တက်ကို ဖျက်ဆီးနေတဲ့ ဗိုင်းရပ်တွေဖြစ်နေလိမ့်မယ်…လူပေးကစားပြီး အနိုင်ဂိုးအဖြစ်ဖန်တီးလို့ရနေတာကို တကိုယ်ကောင်းဆန်ပြီးကန်နေတာကျ အသင်းကို ထိခိုက်နစ်နာစေပါတယ်..

ဆိုးရှားလ်လည်း အစွမ်းကုန်ကြိုးစားနေတာမြင်တွေ့နေရတာပါဘဲ…ဒီလို ကစားသမားတွေဟာ သူတို့ အကျင့်တွေကိုမပြင်ဘူးဆိုရင်တော့ ယူနိက်တက်အနေနဲ့ အမှတ်ပေးဖလား အိမ်မက်တွေ ဝေးကွာရပါလိမ့်မယ်ဟု ” ပြောသွားခဲ့ပါတယ်..

FBV SPort News

Leave a Comment

Your email address will not be published.