ကစားသမားနှစ်ဦးကိုစာချုပ်သက်တမ်းမတိုးတော့ဘူးလို့အတည်ပြုလိုက်တဲ့ဆိုးရှား

မန်ချက်စတာ.ူနိုက်တတ်သင်းရဲ့နည်းပြဆိုးရှားဟာဒီကနေပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ၏အသင်းက ကစားသမားနှစ်ဦးကိုစာချုပ်သက်တမ်းမတိုးတော့ဘဲ အလွတ်ထွက်ခွါခွင့်ပေတော့မှာဖြစ်ကြောင်း သတင်းထောက်တွေကို အသိပေးလိုက်ပါတယ်။

အဆိုပါကစားသမားနှစ်ဦးဟာ လာမယ့်နွေရာသီမှာမန်ယူအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်အာကျင်တီးနားကစားသမားနှစ်ဦးဖြစ်တဲ့ဂိုးသမားရိုမဲရိုးနဲ့နောက်ခံကစားသမားရိုဟိုတို့ဖြစ်ကြပါတယ်။

ယင်းကစားသမားနှစ်ဦးဟာ စာချုပ်သက်တမ်းနောက်ဆုံးခြောက်လအတွင်းရောက်ရှိနေတာကြောင့် ယခုဇန်နဝါရီမှာနှစ်သက်တဲ့အသင်းနဲ့ကြိုတင်စာချုပ်ချုပ်ဆိုခွင့်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့်အာကျင်တီးနားကစားသမားနှစ်ဦးလုံးဟာ နွေရာသီအထိစောင့်ဖွယ်မရှိဘဲအခုအပြောင်းအရွှေ့မှာဘဲအာကျင်တီးနားထိပ်သီးကလပ်အသင်းတစ်ခုဖြစ်တဲ့ရေးဗားပလိပ်အသင်းထံသို့နှစ်ဦးလုံးပြောင်းရွှေ့ဖွယ်ရှိနေကြောင်းသိရပါတယ်။

အခုအပြောင်းအရွှေ့မှာပြောင်းရွှေ့မယ်ဆိုရင်တော့ ကစားသမားနှစ်ဦးလုံးဟာအသင်းပြောင်းရွှေ့နိုင်ဖို့မန်ယူအသင်းရဲ့ခွင့်ပြုချက်ကိုရရှိမှာသာအသင်းပြောင်းရွှေ့နိုင်မှာဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးလိုချင်နေတဲ့မန်ယူအသင်းအတွက်တော့ ရေးဗားပလိပ်ကသာကမ်းလှမ်းလာရင် ချက်ခြင်းသဘောတူဖို့သေချာနေပါတယ်။

ရိုဂျိုဟာ ဒဏ်ရာပြသနာတွေကြောင့်သာခြေစွမ်းပျောက်ဆုံးခဲ့ရသူဖြစ်ပြီးဗဟိုခံစစ်မှာသာမက ဘယ်နောက်ခံကစားသမားအဖြစ်ပါကစားနိုင်သူဖြစ်တာကြောင့် ပုံမှန်ခြေစွမ်းသာပြန်လည်ပြနိုင်ခဲ့ရင် အလွန်အသုံးဝင်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးဂိုးသမားဖြစ်သူရိုမဲရိုးကတော့ ဟန်ဒါဆန်ရောက်ရှိလာခြင်းကြောင့်သာအသင်းရဲ့တတိယဂိုးသမားအဖြစ်ပွဲထွက်ခွင့် လုံးဝပျောက်ဆုံးခဲ့ရသော်လည်းထိပ်တန်းအဆင့်လက်စွမ်းကိုခုချိန်ထိပိုင်ဆိုင်ထားဆဲ ကစားသမားတစ်ဦးဖြစ်ပါတယ်။

အဆိုပါကစားသမားနှစ်ဦးလုံးဟာ ယခုနှစ်ဘောလုံးရာသီစတင်ချိန်ထဲကအသင်းလူစာရင်းမှာတစ်ကြိမ်မှာပါဝင်နိုင်ခဲ့ခြင်းမရှိကြသူများဖြစ်ကြပြီး မန်ယူအသင်းအတွက်လည်းကိုဗစ်ကာလာမှာ အသုံးစရိတ်လျှော့ချဖို့အတွက် ယခုလို ကစားသမားအင်အားလျှော့ချဖို့ပြင်ဆင်လာရခြင်းဖြစ်ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.