မန်ယူအသင်းမှထွက်ခွါခွင့်တောင်းလိုက်တဲ့နာမည်ကြီးကစားသမား

မန်ယူအသင်းမှ အသစ်ခေါ်ယူထားတဲ့ကွင်းလယ်ကစားသမားဗန်ဒါဘိဟာ နည်းပြဆိုးရှားနဲ့ သီးသန့်တွေ့ဆုံှုပြုလုပ်ခဲ့ပြီး အသင်းမှာနေရာမရနိုင်ရင်အနည်းဆုံးအခုဇန်နဝါရီမှာအငှားနဲ့ထွက်ခွါခွင့်ပြုဖို့တောင်းဆိုခဲ့ကြောင်း Sport Insiderသတင်းမှာဖေါ်ပြထားပါတယ်။

အဆိုပါသတင်းကိုဗန်ဒါဘိနဲ့နီးစပ်သူတစ်ဦးထံမှသိရတယ်လို့ဖေါ်ပြထားပါတယ်။ဗန်ဒါဘိဟာပြီးခဲ့တဲ့အပြောင်းအရွှေရာသီက မန်ယူအသင်းထံအေဂျက်အသင်းမှပြောင်းရွေ့လာချိန်မှစပြီးအသင်းအတွက် ကစားခွင့်အနည်းငယ်သာရရှိထားလို့စိတ်ပျက်နေသူပါ။

ဗန်ဒါဘိကိုမန်ယူအသင်းကနေအမြန်ဆုံးထွက်ခွါဖို့နယ်သာလန်လက်ရွေးစင်ကစားသမားဟောင်းကြီးရော်နယ်ဒီဘိုးဝါးကလည်းတိုက်တွန်းလိုက်ပြီးမကြာမီမှာဘဲအခုသတင်းထွက်ပေါ်လာတာပါ။

ဗန်ဒါဘိဟာ ယူရို၂၀၂၁ပြိုင်ပွဲအတွက် သူ့ရဲ့နယ်သာလန်လက်ရွေးစင်ပွဲထွက်ကစားခွင့်နေရာအတွက် မန်ယူအသင်းမှာ အရန်ထိုင်နေရရင်စိုးရိမ်စရာရှိလာနေတာကြောင့် အခုလိုနည်းပြကို ပြင်းထန်တဲ့ဖိအားပေးမှုပြုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။

ဗန်ဒါဘိကို အီတလီစီးရီးအေကလပ် ဂျူဗင်တတ်ကလည်းစောင့်ကြည့်နေပြီးအငှားအစီအစဉ်နဲ့ခေါ်ယူနိုင်ဖို့မန်ယူရဲ့အဆုံးအဖြတ်ကို စုံစမ်းနေကြောင်းသိရပါတယ်။ဗန်ဒါဘိဟာမန်ယူအသင်းနဲ့ငါးနှစ်သက်တ်မ်းစာချုပ်ရှိနေတာကြောင့် ကစားသမားအနေနဲ့ အသင်းရဲ့အဆုံးအဖြတ်က သာအရေးကြီးတဲ့အနေထားဖြစ်နေပါတယ်။

ဗန်ဒါဘိဟာမန်ယူအသင်းမှာ ပါဝင်ကစားခွင့်ရချိန်တွေမှာ ထူးခြားတဲ့ခြေစွမ်းပြမှုတွေသိပ်မလုပ်ထားနိုင်သလို့ပေါ့ဘာ၊ဖာနန်ဒက်၊တော်မီနေးနဲ့ဖရက်တို့ကို ပိုမိုကြိုက်နှစ်သက်နေတဲ့ နည်းပြဆိုးရှားကြောင့် သူ့ကစားခွင့်အနေထားဟာ မန်ယူအသင်းမှာ ခက်ခဲနေပါတယ်။

ဆိုးရှားက မာတာနဲ့ မာတစ်တို့ကို တောင်အရန်စာရင်းမှာ ဗန်ဒါဘိထက်ပိုမိုအားကိုးတဲ့ လူစားလဲမှုမျိုးတွေမကြာခဏပြုလုပ်နေပြီးနော်ကဆုံးကစားထားတဲ့ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်းပုံမှန်ကစားနေကျဗန်ဒါဘိဟာ အရန်စာရင်းမှာသာပါဝင်ခဲ့ရပြီးပွဲချိန်နောက်ဆုံးမိနစ်မှလူစားဝင်ရောက်ကစားခွင့်ရတဲ့အပေါ်မှာလည်းစိတ်ပျက်နေကြောင်းသိရပါတယ်။

ဗန်ဒါဘိရဲ့ယူနိုက်တတ်အသင်းရဲ့လမ်းခွဲဟာဖြစ်လာနိုင်ပြီး အနီးဆုံးအနေနဲံပေါ့ဘာရဲ့အသင်းနဲ့စာချုပ်သက်တမ်းတိုးမတိုးအပေါ်မှာလည်းမူတည်နေကြောင်းကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ပေါ့ဘာသာစာချုပ်သက်တမ်းမတိုးရင်ပေါ့ဘာကိုမန်ယူအသင်းကလာမယ့်နွေရာသီမှာ ကြိမ်းသေရောင်းချမှာဖြစ်တာကြောင့် လာမယ့်ဇန်နဝါရီနှောင်းပိုင်းပွဲစဉ်တွေမှာ ပေါ့ဘာအရန်ထိုင်ရနိုင်ပြီးဗန်ဒါဘိပွဲထွက်ကစားသမားဖြစ်လာနိုင်ကြောင်းဆိုပါတယ်။

Leave a Comment

Your email address will not be published.