FAဖလားပွဲစဉ်တွင်ပရိတ်သတ်တောင်းဆိုနေသောကစားသမားကိုထည့်သွင်းကစားစေမည်ပြုဆိုးရှားပြော

လာမယ့်စနေနေ့ညမှယှဉ်ပြိုင်မယ့်ဝက်ဖိုစ့်အသင်းနဲ့FAဖလားပွဲစဉ်ကို အိမ်ကွင်းမှာယှဉ်ပြိုင်ရမှာဖြစ်ပြီးအဆိုပါFAဖလားပဉ္စမအဆင့်ပွဲစဉ်မှာပရီတ်သတ်တွေ ကစားခွင့်ပေးဖို့တောင်းဆိုနေတဲ့ကစားသမားတစ်ဦးကို ဝင်ရောက်ကစားခွင့်ပေးမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

အဆိုပါကစားသမားကတော့အခုဇန်နဝါရီအပြောင်းအရွှေမှာမန်ယူအသင်းနဲ့ငှားစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီမိခင်တရုတ်ကလပ်အသ်း ရှန်ဟိုင်းအသင်းကိုပြန်ရတော့မယ့်နိုက်ဂျီးရီးယားတိုက်စစ်မှူးအီဟာလိုဖြစ်ပါတယ်။

ဆိုးရှားက အီဟာလိုကို သူ့အသင်းဟောင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစာခွင့်ပေးလိုက်ရင်သူ့အတွက်လည်းထူးခြားသွားမယ်ဆိုတာသိပါတယ်။သူပါဝင်ခွင့်ရမှာပါ။သူ့ရဲ့ထက်မြတ်တဲ့အရည်သွေးတွေက အရန်ခုံမှာထိုင်ရလို့ကျဆင်းသွားတာလုံးဝမရှိပါဘူးဆိုတာသေချာပါတယ်။

ဒါပေမယ့် ကစားသမားတစ်ဦးအတွက် အရန်ခုံမှာထိုင်ရတာခက်ခဲမှန်းကျွန်တော်သိပါတယ်။ဒါပေမယ့်သူရဲ့ယူနိုက်တတ်ကိုချစ်တဲ့စိတ်ကတသင်းကို အဝတ်လဲခန်းထဲမှာသြဇာလွှမ်းမိုးထားနိုင်သူပါ။သူ့အတွက်ဒီပွဲမှာပါဝင်ကစားခွင့် ရနိုင်ဖို့ကျွန်တော်လည်းမျှော်လင့်ပါတယ်လို့ပြောသွားခဲ့ပါတယ်။

အီဂါလိုဟာ ယမန်နှစ်ဘောလုံးရာသီကမန်ယူအသင်းကိုအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးယူနိုက်တတ်အသင်းမှာကစားချင်လွန်းတာကြောင့် လစာလျှော့ယူပြီးပြောင်းရွှေ့လာခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူတရုတ်နိုင်ငံကိုမပြောင်းရွှေ့မှီနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ယခုယှဉ်ပြိုင်ရမယ့်ဝက်ဖိုစ်အသင်းဖြစ်ပြီးသူ့အတွက်မန်ယူအသင်းနဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာဖွယ်ရှိတဲ့ပွဲဟာထူးခြားလို့နေပါတယ်။

အီဟာလိုဟာဝက်ဖိုစ့်အသင်းနဲ့ ပွဲပေါင်း၉၀ကစားထားခဲ့ပြီး ၃ရာသီကြာထိုအသင်းမှာကစားခဲ့ပါ၃၉ဂိုးသွင်းယူထားခဲ့ကြောင်း သိရပါတယ်။ဝက်ဖိုစ်အသင်းဟာယခုအခါမှတော့ ပရီးမီးယားလိဂ်မှတန်းဆင်ကာ လိဂ်ချန်ပီယံရှစ်မှာယှဉ်ပြိုင်နေကြောင်း သိရပါတယ်။

Leave a Comment

Your email address will not be published.