“ဖလားရဖို့အတွက်ဆို ယူနိုက်တက်မှာ သောက်ကျင့်မကောင်းတဲ့ ကစားသမားတွေများများလိုတယ်”-ဘာဘာတော့

ယူနိုက်တက်အသင်းအနေနဲ့ ဖလားရဖို့အတွက်ဆို အသင်းမှာ သောက်ကျင့်မကောင်းပဲ ညစ်ကျယ်ကျယ်ဆော့နိုင်တဲ့ ကစားသမားတွေများများလိုတယ်လို့ အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဘာဘာတော့ဗ်ကပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ရဲ့လက်ရှိအသင်းသားတွေရဲ့ စိတ်ဓါတိပိုင်းဆိုင်ရာက တော်တော်လေးသဘောကောင်းပျော့ပြောင်းနေတာဟာ ဖလားနဲ့ဝေးစေတဲ့အကြောင်းရင်းပဲလို့ သူက ယူနိုက်တက်ရဲ့လက်ရှိအခြေအနေတွေကို ခုလိုပြောပြသွားပါတယ်။

Manchester City ကို Carabao ဖလားမှာ အရေးနိမ့်ခဲ့တာ စိတ်ပျက်စရာပါပဲ။ Wembley ကိုသွားနိုင်မယ့် အခွင့်အရေးကောင်းတခုကို လက်လွှတ်ခဲ့ရတာပါ။ ကျွန်တော်က ဖိုင်နယ်ပွဲစဉ်မှာ Spurs နဲ့ United ကိုကြည့်ရဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ခုတော့ဖြစ်မလာခဲ့လို့ စိတ်မကောင်းပါဘူး။

City က သူတို့လုပ်သင့်လုပ်ထိုက်တဲ့အရာကိုလုပ်နိုင်ခဲ့တယ်၊ ရတဲ့အခွင့်အရေးတွေကိုအသုံးချပြီး အနိုင်ကစားသွားခဲ့တယ်။ United လည်းမဆိုးရွားခဲ့ပေမယ့် ဘယ်လိုမှမလုံလောက်ပါဘူး။ သူတို့တွေ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပြသခဲ့သလိုခြေစွမ်းအဆင့်မှာရှိမနေခဲ့ပါဘူး။ တခါတလေမှာ ခင်ဗျားတို့အနေနဲ့ ပြိုင်ဘက်က ကစားခွင့်ပြုသလောက်လေးပဲ ကစားရတဲ့အခါမျိုးတွေရှိပါတယ်၊ City က ဒါမျိုးပွဲတွေမှာ ဘယ်လိုကစားရမလဲဆိုတာ နောကျေနေပါပြီ။

အခုဆို ဆီမီးဖိုင်နယ်ပွဲတွေကိုရှုံးတာ လေးခါဆက်တိုက်ရှိနေပြီ။ ဒီထုံးတမ်းအဆိုးကြီးကို ဖျောက်ဖျက်ပစ်ဖို့ United တို့လိုနေပါပြီ။ တိုက်ဆိုင်မှုလို့ပြောရအောင် လေးပွဲဆက်ကြီးကတော့ အရမ်းများလွန်းပါတယ်။ တခါတလေမှာ မျှော်လင့်ချက်မြင့်မြင့်မားမားထားလို့ရလာတဲ့ဖိအားက ဖိုင်နယ်တက်ဖို့ ခြေတလှမ်းလိုပြီဆို ကစားသမားတွေဆီ ရောက်လာတတ်ပါတယ်။

United အနေနဲ့ အရေးကြီးတဲ့ပွဲရောက်ပြီဆို သူတို့ ဘာတွေဖြစ်နေသလဲဆိုတာကိုသုံးသပ်ပြီး အမှားတွေကိုပြင်ဆင်ဖို့လိုအပ်နေပါတယ်။ လမ်းကြောင်းမှန်ပေါ်မှာသွားဖို့ဆိုရင် ဆုဖလားတလုံးကိုရလိုက်တာက အကောင်းဆုံးအစပျိုးတဲ့ခြေတလှမ်းဖြစ်ပေမယ့် ကံမကောင်းစွာပဲ သူတို့ နောက်အခွင့်အရေးတခုကို လက်လွှတ်ခဲ့ရပြန်ပါတယ်။

တခါတလေမှာ ဒီလိုအရေးကြီးတဲ့ပွဲစဉ်တွေက ဒါဘီပွဲစဉ်တွေဖြစ်နေတတ်တယ်။ အဲ့အခါမှာအရေးကြီးတာက အရှိန်အဟုန်ကောင်းကောင်းနဲ့ကစားနေဖို့ကအဓိကမဟုတ်သလို ပုံစံကောင်းပြနိုင်ဖို့ကလည်း သိပ်အရေးမကြီးပါဘူး။ မင်းအနိုင်ဘယ်လောက်လိုချင်သလဲဆိုတာက အခရာကျပါတယ်။ ပါးပါးနပ်နပ်နဲ့ ပြိုင်ဘက်ကို ဘယ်လိုလှည့်ဖျားကစားနိုင်မလဲဆိုတာကလည်း အရေးကြီးပါတယ်။

တကယ်လို့လိုအပ်လာပြီဆိုရင်လည်း ညစ်ကျယ်ကျယ်လှည့်ဖျားမှုတွေကို လုပ်နိုင်ရမယ်၊ အနိုင်ရဖို့အတွက်ပဲဗျာ ဘာမဆိုလုပ်ဖို့လိုရင် လုပ်ရမယ်။ တခါတလေမှာ ခင်ဗျားတို့အနေနဲ့ အဲ့လိုမျိုးတွေလုပ်ဖို့လိုပါတယ်၊

Jose Mourinho ပြောခဲ့သလိုပေါ့ဗျာ မင်းတို့ကောင်တွေ ဖလားတွေရဖို့ဆို သောက်ကျင့်မကောင်းတဲ့ကောင်တွေဖြစ်ဖို့လိုတယ်။ United မှာ အရေးကြီးတဲ့ပွဲတွေဆို ဒီလိုစိတ်ဓာတ်မျိုးလုံလုံလောက်လောက်ရှိတာ ကျွန်တော်မတွေ့ရဘူး။

Roy Keane က တလောက ဒါဘီပွဲမှာ ကစားသမားတွေ ဖက်လှဲတကင်းလုပ်နေကြတာတွေ့ပြီး ဘယ်လောက်တောင်ရှော့ရခဲ့သလဲဆိုတာပြောသွားတယ်။ ကျွန်တော်သဘောတူတယ်။ What the f**k ပါပဲဗျာ၊ ဘယ့်နှယ် ဒါဘီကစားတာ အနိုင်ယူဖို့သွားတာလေဗျာ။ အသင်းမှာက ညစ်ကျယ်ကျယ်ကစားဖို့ တစုံတယောက်မှမရှိဘူး။ သူတို့ကို အစွန်းထိရောက်အောင်ပို့ဆောင်ပေးမယ့် ဒေါသတကြီးနဲ့ စိတ်အားထက်သန်မှုကိုပြဖို့ တစုံယောက်မှမရှိဘူး။ United က တခါတလေ အရမ်းကို သဘောကောင်းပြနေတယ်။

Solskjaer အနေနဲ့လည်း နှစ်သစ်မှာ ဖလားတလုံးရဖို့ အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုလျမှတ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ Premier League မှာတော့ သူတို့ နေရာကောင်းတခုမှာရောက်နေပြီး ကစားဖို့တပွဲလည်း ကျန်နေပါတယ်။ အဲ့ပွဲက သူတို့ရဲ့လက်ထဲမှာပါ။ သူတို့ ဒီလမ်းကြောင်းအတိုင်းဆက်သွားနိုင်မယ်ဆိုရင် လူများစုကို အံ့အားသင့်စရာတွေပေးနိုင်ပါလိမ့်မယ်။

တည်ငြိမ်မှုရှိခြင်းက လွန်ခဲ့တဲ့နှစ်တွေက အသင်းမှာပျောက်ဆုံးနေတဲ့အရာဖြစ်ပြီး အခုအချိန်မှာ အရမ်းအရေးပါလာပါပြီ။ ဘယ်သူမှ သူတို့ အခုနေရာကို ရောက်နေလိမ့်မယ်လို့ တွေးမထားကြပါဘူး။ ကျွန်တော်ကတော့ သူတို့အဆုံးထိ ဒီလမ်းကြောင်းပေါ်မှာ ရှိနေပြီးတော့ ဆုဖလားကို စိန်ခေါ်နေတာကိုတွေ့ချင်ပါတယ်။ ကျွန်တော့်အတွေးထဲမှာတော့ သူတို့က Liverpool , City, Spurs တို့နဲ့အတူ ဆုဖလားစိန်ခေါ်သူတွေအဖြစ်သတ်မှတ်ထားပါတယ် ဒါပေမယ့် သူတို့အခုရှိနေတဲ့ တည်ငြိမ်မှုမျိုးဆက်ရှိနေဖို့တော့လိုပါတယ်။

United အနေနဲ့ နောက်ခံလူနောက်တယောက်လိုသေးတယ်လို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ ဒါပေမယ့် Eric Bailly လတ်တလောပြသခဲ့တဲ့ခြေစွမ်းတွေအရ သူအနေနဲ့ အခုလို အာရုံစိုက်မှုအပြည့်ရှိပြီး ဒဏ်ရာကင်းစင်နေမယ်ဆိုရင် သူဟာ နောက်တန်းမှာ ကျောက်ဆောင်သဖွယ်ဖြစ်လာနိုင်ပါတယ်။ အခုအခြေအနေမှာတော့ နောက်ခံလူတယောက်မလိုအပ်သေးဘူးလို့ထင်ပါတယ်။

Leave a Comment

Your email address will not be published.