မန်ယူအသင်းမှာကစားချင်ကြောင်းဖွင့်ဟပြီးမှဘရိုက်တန်အသင်းကိုရောက်ရှိသွားတဲ့ကစားသမား

မန်ယူအသင်းရဲ့ဇန်နဝါရီအပြောင်းအရွှေ့မစတင်ခင်အချိန်ထဲကအသင်းကိုခေါ်ယူနိုင်ခဲ့ပြီလို့သတင်းကြီးခဲ့ပြီးကစားသမားကိုယ်တိုင်ကလည်းမန်ယူအသင်းမှာ ကစားခွင့်ဖို့ကသူ့ရဲ့ရည်မှန်းချက်ဖြစ်ကြောင်းထုတ်ဖေါ်ပြောကြားခဲ့တဲ့ အီကွေဒေါလူငယ်ကြယ်ပွင့် ကာစီဒိုဟာနောက်ဆုံးမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ဘရိုက်တန်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်ကြောင်း သူ့ရဲ့မိခင်အသင်းဖြစ်တဲံ အီကွေဒေါကလပ် အင်ဒိပန်းနန့်အသင်းကထုတ်ပြန်လိုက်ပါပြီ။

အဆိုပါသတင်းကို ပထမဆုံး ထုတ်ပြန်လိုက်သူကတော့Sportitalia မှဂျာနယ်လစ်ဂီယံလူင်္ကီလော်ဂရီဖြစ်ပါတယ်။ယင်းသတင်းကိုဥရောပနာမည်ကြီးသတင်းမီဒီယာတွေဖြစ်တဲ့Metro,Daily Mail,Daily Expressတို့မှာလည်းဖေါ်ပြနေပြီဖြစ်ပါတယ်။

ကာစီဒိုရဲ့လက်ရှိကလပ်အသင်း အင်ဒိပန်းနန့်အသင်းရဲ့အမှုဆောင်အရာရှိချုပ်ဆန်တီရာဂိုမိုရာလက်ကတော့ ကာစီဒိုအတွက် ယူနိုက်တတ်အသင်းက ကမ်းလှမ်းမှုတစ်စုံတစ်ရာယနေအချိန်ထိပြုလုပ်ခဲ့ခြင်းမရှိကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။မိုရာလက်က ကျွန်တော်ပြောခဲ့ပါတယ်ကာစီဒိုဟာ အခုဇန်နဝါရီမှာ အင်ဒီပန်းနန့်ကစားသမားမဟုတ်တော့ဘူးဆိုတာကိုပါ။

သူနဲ့ပါတ်သတ်ပြီးသတင်းတွေအများကြီးထွက်ခဲ့ပါတယ်။အရမ်းသတင်းကြီးတဲ့ယူနိုက်တတ်အသင်းနဲ့သတင်းကတော့ မဟုတ်ခဲ့ပါဘူး။ယူနိုက်တတ်အသင်းကအခုချိန်ထိတစ်စုံတစ်ခုသောဆက်သွယ်မှုမရှိခဲ့ပါဘူး။ဒါပေမယ့်တခြားကမ္ဘာထိပ်တန်းအသင်းကြီးတွေများစွာရဲ့ဆက်သွယ်မှုတွေတော့ရခဲ့ပါတယ်။

ယူနိုက်တတ်အသင်းဟာကာစီဒိုရဲ့အေးဂျင့်တွေနဲ့သာဆက်သွယ်ခဲ့တာဖြစ်နိုင်ပြီးနောက်ပိုင်းမှာသူတို့နောက်ဆုတ်သွားခဲ့ပုံရပါတယ်။ကျွန်တော်တို့အသင်းကိုတော့ဆက်သွယ်မှုမရှိခဲ့ပါဘူးဟုဆိုသွားပါတယ်။

ဘရိုက်တန်အသင်းနဲ့ အင်ဒိပန်းနန့်အသင်းတို့ဟာဆက်ဆံရေးကောင်းတွေရှိနေခဲ့ကြပြီး၂၀၁၈ခုနှစ်တုန်းကလည်း အင်ဒိပန်းနန့်ကစားသမားဘေလီအဲရစ်ကိုဘရိုက်တန်အသင်းကဝယ်ယူခဲ့ဘူးပါတယ်။

ကာစီဒိုရဲ့ပြောင်းရွှေ့ကြေးကို ဘရိုက်တန်အသင်းက ပေါင်၅.၅သန်းပေးချေရမှာဖြစ်ကြောင်းသိရပြီ။ကာစီဒိုကိုထပ်မံရောင်းချဖြစ်ခဲ့ပါကပြောင်းရွှေ့ကြေးရဲ့၂၀ရာခိုင်နှုန်းကို အင်ဒိပန်းနန့်အသင်းကိုထပ်မံပေးချေရမယ်ဆိုတဲ့အချက်ပါဝင်ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.