FA Cupပွဲများတွင် ဘိုင်လီနဲ့ဗန်ဒါဘတ်တို့ကအရေးကြီးလာတဲ့အကြောင်း ကားရစ်ရှင်းပြ

မန်ချက်စတာယူနိက်တက် ဟာ FA Cup ပွဲစဉ်များအတွက် ယနေ့ည ၂း၃၀မှာ ဝက်ဖို့စ် နဲ့ အိုးထရက်ဖို့စ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဘဲဖြစ်ပါတယ်..

မန်ချက်စတာယူနိက်တက်မှာ ဗန်ဒါဘတ် နေရာမရတာနဲ့ပတ်သက်ပြီး အသင်းကထွက်တော့မှာလား ဆိုတဲ့ သတင်းတွေကို ဆိုးရှားလ်ဖြေရှင်းခဲ့ပြီး ယခုအခါမှာ လက်ထောက်နည်းပြ ကားရစ် ထပ်မံရှင်းပြအတည်ပြုထားပါတယ်..

မန်ချက်စတာယူနိက်တက်နည်းပြ ကားရစ်ဟာ အသင်းမှထွက်ခွာမယ်ဆိုပြီးသတင်းထွက်နေတဲ့ ဗန်ဒါဘတ် နဲ့ ဘိုင်လီတို့ကို လာမယ့် FA Cup ပွဲစဉ်များအတွက် ဘယ်လို အရေးပါတယ်ဆိုတဲ့အကြောင်းကို ယခုလိုရှင်းပြထားပါတယ်….

ကားရစ်က ” ကျနော်တို့ လက်ရှိမှာ အသင်းမှ ဘယ်ကစားသမားမှထွက်မှာမဟုတ်ပါဘူး….အားလုံးဘဲ လေ့ကျင့်ခန်းကို ပျော်ပျော်ရွှင်ရွှင် တက်ညီလက်ညီဆင်းနေကြပါတယ်….ရှေ့မှာ ကြုံခဲ့တဲ့အမှားတွေအားလုံးကို ပြန်ပြင်ဖို့ကြိုးစားအားထုတ်နေကြပါတယ်…

မန်ချက်စတာယူနိက်တက်မှ ဗန်ဒါဘတ်ထွက်မယ်ဆိုတာကလည်း Twitter မှာသူတင်လိုက်တဲ့ ပုံလေးတပုံကနေစတာပါ…ဒါကို မီဒီယာတွေကကြီးအောင် လုပ်လိုက်လို့ ဒီသတင်းတွေကို ကျနော်တို့အချိန်ပေးပြီး လိုက်ဖြေရှင်းနေရတာပါ…..

ယူနိက်တက်မှာ ဗန်ဒါဘတ်နဲ့ ဘိုင်လီတို့ဟာ ဘယ်လောက်အရေးပါနေတယ်ဆိုတာ လာမယ့် FA Cup ပွဲစဉ်တွေမှာ ခင်ဗျားတို့မြင်ရပါလိမ့်မယ်…ဘာဖြစ်လို့လဲ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်ဟာ ပွဲပန်းနေတဲ့အနေထားမှာ ဗန်ဒါဘတ်နဲ့ မာတစ် တွဲပြီးလာရင်လာမယ်…

ပေါ့ဘာနဲ့ တွဲပြီးပွဲထွက်လာရင်လာမယ်….၄-၂-၃-၁ ကစားကွက်မှာ ကစားသမားတွေကိုအသုံးပြုရတာ ကျနော်တို့အတွက် အများကြီးစဉ်းစားရပါတယ်..အဲ့ဒီအတွက် လာမယ့် FA Cup ပွဲစဉ်တွေမှာဘဲ ကြည့်ကြည့်ပါ…..

ဗန်ဒါဘတ်လိုဘဲ ဘိုင်လီနဲ့ မက်ကွိင်းယားအတွက်ကိုလည်း ဆက်လက်မြင်တွေ့ရမှာပါ….လင်ဒီလော့ရဲ့နောက်ကျောဒဏ်ရာကြောင့် သူ့ကို ဆက်လက်အနားပေးထားမှာမို့ ဗန်ဒါဘတ် နဲ့ ဘိုင်လီဟာ အသင်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိမယ်ထင်ပါတယ် ” ဟု MEN News Now မှာ ပြောသွားခဲ့ပါတယ်..

Rkar(FBV Sport News)

Leave a Comment

Your email address will not be published.