ယူနိုက်တက်ရဲ့DNAရှိတယ်ဆိုပီး အသင်းခေါင်းဆောင်လက်ပတ်ပေးချင်သူကိူ ဆိုလ်းရှားထုတ်ပြော

ယူနိုက်တက်အသင်းရဲ့နည်းပြ ဆိုလ်းရှားကတော့ သူအသင်းခေါင်းဆောင်လက်ပတ်ပေးချင်တဲ့သူကို ထုတ်ပြောလိုက်ပါတယ်ပရိတ်သတ်မျာစု မျော်လင့်ထားတဲ့သူမဟုတ်လို့စိတ်ပျက်ကြမှာဖြစ်ပေမယ့်ဆိုလ်းရှားကတော့ အဲ့ဒီကစားသမားကို အကြွင်းမဲ့ ယုံကြည်နေတာပါ

မနေ့ညကပွဲမှာ ၁၂ကြိမ် ချန်ပီယံ မန်ချက်စတာယူနိုက်တက် အတွက် အရံကစားသမားတွေနဲ့ ပွဲထွက် ကစားခဲ့ပေမယ့် ဝက်ဖိုဒ်ကို နိုင်ပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

ကွင်းလယ်မှာ ဒီရာသီ ခြေစွာနေတဲ့ တော်မီနေးလ်က တစ်လုံးတည်းသော ဂိုးသွင်းပေးခဲ့တာပါ။

မန်စီးတီးကို ရှုံးခဲ့တဲ့ အရှုံးကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ၂၀၁၆ ချန်ပီယံ မန်ချက်စတာယူနိုက်တက်တို့ နောက်တစ်ဆင့် တက်ခဲ့တာဖြစ်ပါတယ်။

Alex Tellesကလည်းဝက်ဖို့ဒ်နှင့်ပွဲစဉ်မှာအခွင့်အရေး ၆ကြိမ်ဖန်တီးပေးခဲ့ပြီး၊ ပွဲအတွင်းမည်သည့်ကစားသမားထက်မဆို ၂ဆပိုများသောအရေအတွက်ဖြစ်ခဲ့ပါတယ်။

ဒါအြပြင်ဒီရာသီအတွင်း ယူနိုက်တက်အတွက် ပွဲတစ်ပွဲအတွင်းအခွင့်အရေးအများဆုံးဖန်တီးပေးထားနိုင်သူဒုတိယဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ပွဲတစ်ပွဲအတွင်းအခွင့်အရေးအများဆုံးဖန်တီးပေးထားသူကတော့ ဘရူနိုဖာနန်ဒက်စ်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်မှာ ၈ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဆိုလ်းရှားကတော့ ဘရူနိုကို အသင်းခေါင်းဆောင်မဖြစ်စေချင်ဘူးလို့ဆိုပါတယ်။

“ဘရူနိုထက်တော်မီနေးကပိုသင့်တော်ပါတယ်။သူကအမြဲတမ်း မျှော်လင့်ထားသလိုကစားပေးနိုင်တဲ့သူတစ်ယောက်ပါ။သူကခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ့ကိုအသင်းလက်ပတ်ပေးအပ်လိုက်ရင် သူဘယ်လိုတုန့်ပြန်နိုင်မလဲဆိုတာကို ကျွန်တော်တို့တွေးမိခဲ့ပါတယ်။သူ့မှာ ယူနိုက်တက်ရဲ့DNAရှိနေပါတယ်။”

Leave a Comment

Your email address will not be published.